• ပြည်မြို့နယ်၊ ရွှေတောင်မြို့နယ်နှင့် ပန်းတောင်းမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့် လယ်မြေများအတွက် မျိုးစပါးထောက်ပံ့ပေးအပ်မှုအခမ်းအနား

  • ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ မျိုးစပါးများ ထောက်ပံ့ပေးအပ်ခြင်း

  • မျိုးစပါးထောက်ပံ့ပေးအပ်မှုအပေါ် လယ်သမားများကိုယ်စား လယ်သမားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခြင်း

Home / ပန်းတောင်းမြို့နယ် / ပြည်ခရိုင်အတွင်း မျိုးစပါးထောက်ပံ့ပေးအပ်မှု

ပြည်ခရိုင်အတွင်း မျိုးစပါးထောက်ပံ့ပေးအပ်မှု

သြဂုတ် ၂၈

၂၀၁၆ ခုနှစ်၊ သြဂုတ်လ(၂၈)ရက်၊ မွန်းလွဲ(၁)နာရီအချိန်တွင် ရွှေတောင်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ခရိုင်အတွင်းရှိ ရေကြီးနစ်မြုပ် ပျက်စီးသော လယ်မြေများအတွက် မျိုးစပါးများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ တက်ရောက်ခဲ့ပါသည်။

အဆိုပါအခမ်းအနား၌ ပြည်မြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့် လယ်မြေများအတွက် မျိုးစပါး(၂၂)အိတ်(၃၃)တင်း၊ ပန်းတောင်းမြို့နယ်အတွက် (၂၂၈)အိတ်(၄၃၂)တင်းနှင့် ရွှေတောင်မြို့နယ်အတွက်(၅၃၁)အိတ်(၇၉၆.၅)တင်း၊ စုစုပေါင်း(၁၂၆၁.၅)တင်းတို့အား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။