Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ် ပန်းချီပြိုင်ပွဲ ၊ ကဗျာသီချင်း ရွတ်ဆိုပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ် ပန်းချီပြိုင်ပွဲ ၊ ကဗျာသီချင်း ရွတ်ဆိုပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

ဖေဖော်ဝါရီ ၁၃ (ပဲခူး)
—————————

လူမှုဝန်ထမ်းဦးစီးဌာန၊ ပဲခူးမြို့ အမှတ်(၁)မူလတန်းကြိုကျောင်းတွင် ဖေဖော်ဝါရီလ(၁၃)ရက်နေ့ နံနက်(၉)နာရီအချိန်က မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ် ပန်းချီပြိုင်ပွဲ ၊ ကဗျာသီချင်း ရွတ်ဆိုပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မူကြိုသားငယ် / သမီးငယ်လေးများမှ ပန်းချီဆေးရောင်ချယ်ခြင်း၊ ဗိုလ်ချုပ်အောင်ဆန်း ကဗျာ၊ ဗိုလ်‌‌တေဇကဗျာ၊ ကလေးများနေ့ သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းများ ပြုလုပ်ကြသည်။
ထို့နောက် ပြိုင်ပွဲအသီးသီးတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် သားငယ် ၊ သမီးငယ်လေးများအား ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ကြည်နှင့် တာဝန်ရှိသူများက ဆုလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။
မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်ပွဲအား မူကြိုကလေးအရွယ်မှစတင်၍ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အား သိရှိထားစေရန်၊ ကလေးများနေ့ သီချင်းများ၊ ပြည်ထောင်စုနေ့နှင့် သက်ဆိုင်သောသီချင်း၊ ကဗျာများ ရွတ်ဆိုနေခြင်းဖြင့် ပြည်ထောင်စုစိတ်ဓါတ်နှင့် မျိုးချစ်စိတ်များတက်ကြွဖြစ်‌ပေါ်လာစေရန်၊ သီချင်း ကဗျာများ ရွတ်ဆိုစေခြင်းဖြင့် စိတ်ပျော်ရွှင် ကြည်နူးမှုဖြစ်လာစေရန်၊ ဆေးရောင်ခြယ်ပန်းချီပြိုင်ပွဲကို ကျင်းပပြုလုပ်ရခြင်းကြောင့် ခန္ဓာကိုယ်ရှိကြွက်သားကြီး ၊ ကြွက်သားငယ်တို့ ဖွံ့ဖြိုးမှုရရှိလာစေရန်တို့အတွက် ရည်ရွယ်ပြီး ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။