Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / မြန်မာရွှေသရဖူဆောက်လုပ်ရေးနှင့် ရောင်းဝယ်ရေးကုမ္ပဏီလီမိတက်မှ အလှူငွေနှင့် ကျန်းမာရေးသုံးပစ္စည်းများ လာရောက်ထောက်ပံ့လှူဒါန်း

မြန်မာရွှေသရဖူဆောက်လုပ်ရေးနှင့် ရောင်းဝယ်ရေးကုမ္ပဏီလီမိတက်မှ အလှူငွေနှင့် ကျန်းမာရေးသုံးပစ္စည်းများ လာရောက်ထောက်ပံ့လှူဒါန်း

မေ ၁၅ (ပဲခူး)
===================

မေလ(၁၅)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ ပဲခူးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေး မြန်မာရွှေသရဖူဆောက်လုပ်ရေးနှင့် ရောင်းဝယ်ရေးကုမ္ပဏီလီမိတက်မှ အလှူငွေကျပ်သိန်း(၁၀၀)နှင့် Face Shield (၂၀၀၀)ခုတို့အား လာရောက်ထောက်ပံ့လှူဒါန်းသည်။
ရှေးဦးစွာ မြန်မာရွှေသရဖူဆောက်လုပ်ရေးနှင့် ရောင်းဝယ်ရေးကုမ္ပဏီလီမိတက်၊ ဥက္ကဋ္ဌ ဦးကျော်ဝင်းမှ  ပဲခူးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေး ထောက်ပံ့လှူဒါန်းရခြင်းအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြန်မာရွှေသရဖူဆောက်လုပ်ရေးနှင့် ရောင်းဝယ်ရေးကုမ္ပဏီလီမိတက်၊ ဥက္ကဋ္ဌ ဦးကျော်ဝင်းမှ အလှူငွေကျပ်သိန်း(၁၀၀)နှင့် Face Shield (၂၀၀၀)ခုတို့အား ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ မြန်မာရွှေသရဖူဆောက်လုပ်ရေးနှင့် ရောင်းဝယ်ရေးကုမ္ပဏီလီမိတက်သည် ပဲခူးတိုင်းဒေသကြီးအတွင်း ကဝမြို့နယ်နှင့် ရေတာရှည်မြို့နယ်များတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကူညီဆောင်ရွက်ပေးလျက်ရှိသော ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရှိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေ၊ မြန်မာရွှေသရဖူဆောက်လုပ်ရေးနှင့် ရောင်းဝယ်ရေးကုမ္ပဏီလီမိတက်၊ ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။