Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ရန်ကုန်-မန္တလေး မိုင်တိုင်အမှတ် (၃၉)မိုင်၊ (၇၆)မိုင်နှင့် (၁၁၅)မိုင်တို့တွင် ဖွင့်လှစ်ထားသော ယာဉ်ရပ်နားစခန်းများရှိ အစားအသောက်များအား FDA ရှောင်တခင်ဝင်ရောက်စစ်ဆေး

ရန်ကုန်-မန္တလေး မိုင်တိုင်အမှတ် (၃၉)မိုင်၊ (၇၆)မိုင်နှင့် (၁၁၅)မိုင်တို့တွင် ဖွင့်လှစ်ထားသော ယာဉ်ရပ်နားစခန်းများရှိ အစားအသောက်များအား FDA ရှောင်တခင်ဝင်ရောက်စစ်ဆေး

ဇန်နဝါရီ ၂၂ (ပဲခူး)

=====================

(၉.၁.၂၀၁၉)ရက်နေ့၌ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန နေပြည်တော်မှ  Mobile Lab Van (၆) စီးကို တိုင်းနှင့်ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန များသို့ ပေးအပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဋ္ဌာနမှ ပွဲဦးထွက်အဖြစ် (၂၂.၁.၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းက ခရီးသွားပြည်သူ များခရီးတစ်ထောက်နားရာ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ  ရန်ကုန်− မန္တလေး ယာဉ်ရပ်နား စခန်းများဖြစ်သော (၃၉)မိုင်၊ (၇၆)မိုင်၊ (၁၁၅)မိုင် နှင့် (၁၅၄)မိုင်တို့၌ ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်များသို့ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၊ ဒေါက်တာ နီနီအေး ဦးဆောင်သော အဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်းနှင့် အစားအသောက်ရောင်းချဆိုင်များသို့ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးအကြောင်းကို ပညာပေး ဆောင်ရွက်ခဲ့ပါသည်။

 ထို့နောက် သံသယရှိသော  အစားအသောက်များကို ကျပန်းနမူနာကောက်ယူ၍ Mobile Lab Van ၌ ချက်ချင်းစစ်ဆေး အဖြေထုတ်ခြင်း၊ စားသုံးရန်မသင့်စစ်ဆေးခြင်းတို့ ဆောင်ရွက်ပြီး စားသုံးရန်မသင့် စစ်ဆေးတွေ့ရှိပါက ချက်ချင်းသိမ်းဆည်းဖျက်ဆည်းခြင်းနှင့် ခံဝန်ဂတိရေးထိုးစေခြင်းများ စတင်ပြုလုပ်နေပြီဖြစ်ပါကြောင်းနှင့် နောက်နောင်များတွင် အရှိန်အဟုန်မြှင့်တိုးမြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းပြီး စိုးရိမ်ကြောင့်ကြမှုမရှိ လုံခြုံစိတ်ချစွာ စားသုံးနိုင်ကြစေရန် ရည်ရွယ်ပြီး ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း  သတင်းရရှိသည်။