Home / ရေတာရှည်မြို့နယ် / ရေတာရှည်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်

ရေတာရှည်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်

စက်တင်ဘာ ၂ (ရေတာရှည်)
===============================

စက်တင်ဘာလ(၂)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ရေတာရှည်မြို့နယ် ရေဘေးကယ်ဆယ်ရေးကွပ်ကဲမှုရုံးတွင် ဆွာချောင်းတမံရေပိုလွှဲ ပဲ့ကျမှုကြောင့် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူ ဒါန်းပွဲကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှုး ဦးမျိုးသိန်းက ထောက်ပံ့လှူ ဒါန်းမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်ရန်နှင့် ရေကြီးမှုကြောင့် စိုက်ခင်းများ သဲဖုန်းပျက်စီးသွားသည့် ဧကစာရင်းကို အသေးစိတ်တိကျမှန်ကန်စွာ စာရင်းပြုစုနိုင်ရန် မြေပြင်ကွင်းဆင်းတိုင်းတာနိုင်ရေး မြေတိုင်းအဖွဲ့ ဖွဲ့စည်ပြီး တပတ်အတွင်း ပြန်လည်တင်ပြရန် တာဝန်ပေးလမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ရေဘေးသင့်ပြည်သူများအတွက် ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာပေါ်လင်လိပ် (၆ပေx၁၀၀ကိုက်)(၂)လိပ်၊ တာပေါ်လင်မိုးကာစ (၁၂ပေx၁၈ပေ)(၅၀)စ၊ သေဆုံးသူ(၄)ဦးအတွက် တစ်ဦးလျှင်(၃)သိန်းနှုန်းဖြင့် (၁၂)သိန်းကျပ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယူနီဆက်မှလှူဒါန်းသော တစ်အိမ်ထောင်သုံးပစ္စည်း(၄၀၀၀)ခု၊ ၁၀လီတာဆန့်ရေပုံး(၄၀၀၀)ပုံး၊ ၂၀လီတာဆန့်ရေပုံး(၄၀၀၀)ပုံး၊ ရေသန့်ဆေးမှုန့်(၁၀၀)ဗူး၊ ရေသန့်ဆေးပြား(၂၃၄)ပါကင်တို့အား တိုင်းဒေသကြီးသဘာဝဘေးကော်မတီဥက္ကဌက မြို့နယ်သဘာဝဘေးကော်မတီဥက္ကဌထံ ပေးအပ်လှူဒါန်းကြသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။