Home / ရေတာရှည်မြို့နယ် / ရေတာရှည်မြို့နယ်၊ ဆွာချောင်းရေလှောင်တမံ၊ ရေပိုလွှဲ(ယာဘက်ခြမ်း)ပဲ့ကျခဲ့မှု အခြေအနေ

ရေတာရှည်မြို့နယ်၊ ဆွာချောင်းရေလှောင်တမံ၊ ရေပိုလွှဲ(ယာဘက်ခြမ်း)ပဲ့ကျခဲ့မှု အခြေအနေ

သြဂုတ် ၂၉ (ရေတာရှည်)
====================

သြဂုတ်လ (၂၉)ရက်နေ့၊ နံနက်(၆)နာရီအချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ရှိ ဆွာချောင်းရေလှောင်တမံ၏ ရေပိုလွှဲ(ယာဘက်ခြမ်း) ပဲ့ကျခဲ့သည်။
အဆိုပါရေပိုလွှဲ(ယာဘက်ခြမ်း) ပဲ့ကျခဲ့မှုအား နိုင်ငံတော်ဒုတိယသမ္မတ ဦးဟန်နရီဗန်ထီးယူ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းတို့နှင့်အတူ သွားရောက်ကြည့်ရှု့ စစ်ဆေးခဲ့သည်။
ရှေးဦးစွာ ဆွာချောင်းရေလှောင်တမံရှင်းလင်းဆောင်၌ ရေပိုလွှဲမှ ရေကျော်နေမှု၊ တာပဲ့ကျ ခဲ့မှုနှင့် ရေလွှမ်းနိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဘိုဘိုကျော်တို့က ရှင်းလင်းတင်ပြခဲ့ရာ၊ နိုင်ငံတော်ဒုတိယသမ္မတ ဦးဟန်နရီဗန်ထီးယူနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့မှ ပြင်ဆင်ဆောင်ရွက်ရမည့် အခြေအနေများအားနှင့် လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး၊ တပ်မတော်ရဟတ်ယာဉ်များဖြင့် ရေလွှမ်းမိုးနေသည့် အခြေအနေများအား ကြည့်ရှုခဲ့သည်။
ဆက်လက်ပြီး ဒုတိယသမ္မ၊ ကာကွယ်ရေးဦ:စီ:ချုပ်၊ ပြည်ထောင်စုဝန်ကြီး၊ ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရေတာရှည်မြို့နယ်သို့ ဆက်လက်ထွက်ခွာလာရာ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ ပဲ့ကျမှုကြောင့် ရေကြီးနပ်မြှုပ်နေသည့် အခြေအနေများနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ၊ ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်မှ ရှင်းလင်းတင်ပြခဲ့ရာ၊ နိုင်ငံတော်ဒုတိယသမ္မတ ဦးဟန်နရီဗန်ထီးယူနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး ရေတာရှည်မြို့အထွက် ရန်ကုန် မန္တလေးကားလမ်းဟောင်း သံလမ်းကုန်းကျော်တံတား ရေကျော်နေမှုအား သွားရောက်ကြည့်ရှု့ခဲ့သည်။
ဆွာချောင်းရေလှောင်တမံ၏ ရေပိုလွှဲ(ယာဘက်ခြမ်း) ပဲ့ကျခဲ့မှုကြောင့် ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၇)အုပ်စုရှိ ကျေးရွာပေါင်း(၈၅)ရွာ၊ အိမ်ခြေ(၁၄၃၁၄)၊ အိမ်ထောင်စု(၁၄၃၅၇)၊ လူဦးရေ (၆၃၄၂၁)ဦး ရေဘေးသင့်ခံရပြီး၊ လတ်တလောအနေဖြင့် နီးစပ်ရာ ကျေးရွာဘုန်းတော်ကြီးကျောင်းများ၊ ရေတာရှည်မြို့နယ်၊ မယ်ဒက်ကယ်ဘုရားဝန်း၊ ဓါတ်တော်ဘုရားဝန်းတို့တွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိပြီး၊ လူ(၃)ဦး ရေစီးနှင့်မျောပါသွားခဲ့ရာ လူ(၂)ဦးအား အသက်ရှင်လျက် ပြန်လည်ကယ်ဆယ်နိုင်ခဲ့ပြီး၊ ကျန်အမျိုးသမီး(၁)ဦးအား ရှာဖွေတွေ့ရှိခြင်း မရှိသေးသဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။