Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ရေတာရှည်မြို့နယ် လွတ်တော်ကိုယ်စားလှယ်များရုံးသစ် ဖွင့်ပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းတက်ရောက်

ရေတာရှည်မြို့နယ် လွတ်တော်ကိုယ်စားလှယ်များရုံးသစ် ဖွင့်ပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းတက်ရောက်

စက်တင်ဘာ ၂၇ (ရေတာရှည်)
=====================

5စက်တင်ဘာလ (၂၇)ရက်နေ့၊ နံနက်(၇)နာရီအချိန်က ရေတာရှည်မြို့တွင် လွှတ်တော်ကိုယ်စားလှယ်များရုံးသစ် ဖွင့်လှစ်ပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားဆိုင်းဘုတ်အား ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်အလုပ်အမှုဆောင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ်များရုံး ဖွင့်လှစ်နိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြသည့် တာဝန်ရှိသူများ၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက လွှတ်တော်ကိုယ်စားလှယ်များရုံး ဖွင့်လှစ်နိုင်ခြင်းဖြင့် ပြည်သူများအနေဖြင့် မိမိတို့၏ ကြုံတွေ့နေရသည့် အခက်အခဲများကို တိုက်ရိုက်လာရောက် တင်ပြနိုင်ပြီး ဒီမိုကရေစီ ယဉ်ကျေးမှုအရ အပြုသဘောဖြင့် ဆွေးနွေးအကြံပြုခြင်းတို့ကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများအတွက် တစ်ဘက်တစ်လမ်းမှ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေး နိုင်မည့် အဆောက်အအုံတစ်ခု ဖွင့်လှစ်ပေးခဲ့ရခြင်းကို အထူးပင်ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း ပြောကြားခဲ့သည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မိုးနိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ တင်တင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ် အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါ ရေတာရှည်မြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ်များရုံးအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ (၃၁)နှစ်မြောက် နှစ်ပတ်လည်နေ့အဖြစ် အလျား(၄၈)ပေ၊ အနံ(၃၀)ပေ၊ အမြင့်(၃၅)ပေရှိ (၃)ထပ် အဆောက်အဦအား ဦးရန်မျိုးနိုင်+ဒေါ်သန်းသန်းဌေး၊ သား -မောင်အောင်မျိုးသူ (ပန်းသီကုမ္ပဏီမိသားစု) က ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေတာရှည်မြို့နယ်၊ ကရင်ချောင်းလမ်း ဖောက်လုပ်နေမှု ကွင်းဆင်းကြည့်ရှုခဲ့ပြီး ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ရှိသူများကို လမ်းအရည်အသွေး ပြည့်ဝစွာဆောင်ရွက်နိုင်ရန်နှင့် သတ်မှတ်အချိန်အတိုင်း ပြီးစီးနိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။