Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ရေဘေးသင့်ပြည်သူများအတွက် ဆိုလာမီးအိမ်များထောက်ပံ့ပေးအပ်

ရေဘေးသင့်ပြည်သူများအတွက် ဆိုလာမီးအိမ်များထောက်ပံ့ပေးအပ်

နိုဝင်ဘာ ၂၇ (မိုးညို)
==============

နိုဝင်ဘာလ(၁၇)ရက်နေ့ မွန်းလွဲ(၁:၃၀)နာရီအချိန်က မိုးညိုမြို့နယ် ဗုဒ္ဓမြတ်စွယ်တော် ကျွန်းကျောင်း ကျောင်းတိုက်တွင် မိုးညိုမြို့နယ်အတွင်းရှိ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလများတွင် ရေဘေးဒဏ်ခံခဲ့ရသော ပြည်သူများအတွက် ဆိုလာမီးအိမ်များ ထောက်ပံ့ပေးအပ်ပွဲကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် လွှတ်တော်ဥက္ကဌဦးခင်မောင်ရင်တို့က မိုးညို မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အာဆီယံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းမှုဗဟိုဌာန(AHA Center)မှလှူ ဒါန်းသော ဆိုလာမီးအိမ်အလုံး(၁၀၀)အား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အုပ်ချုပ်ရေးမှုးတို့ထံ ပေးအပ်ခဲ့ကြောင်းသိရသည်။
အာဆီယံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းမှုဗဟိုဌာန(AHA Center) မှ ပဲခူးတိုင်းသေကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ဆိုလာမီးအိမ်အလုံး(၃၀၀၀)လှူ ဒါန်းပေးခဲ့ရာ ပဲခူးတိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အဆိုပါ ဆိုလာမီးအိမ်များအား ကဝမြို့နယ်(၁၀၀)လုံး၊ ဝေါမြို့နယ်(၁၀၀)လုံး၊ ညောင်လေးပင်မြို့နယ်(၅၀၀)လုံး၊ ကျောက်တံခါးမြို့နယ်(၁၀၀)လုံး၊ ကျောက်ကြီးမြို့နယ်(၂၅၀)လုံး၊ ဖြူ းမြို့နယ်(၁၀၀)လုံး၊ အုတ်တွင်းမြို့နယ်(၂၀၀)လုံး၊ ရေတာရှည်မြို့နယ်(၉၅၀)လုံးနှင့် မိုးညို မြို့နယ်(၁၀၀) ဖြန့်ဝေထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။