Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ရွှေတောင်အထည်ချုပ် စက်ရုံအဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး Myanmar Tsuyotomo Co., Ltd မှ လာရောက်တွေ့ဆုံ

ရွှေတောင်အထည်ချုပ် စက်ရုံအဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး Myanmar Tsuyotomo Co., Ltd မှ လာရောက်တွေ့ဆုံ

ဇန်နဝါရီ ၂၈ (ပဲခူး)
====================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ ဇန်နဝါရီလ (၂၈)ရက်နေ့၊ နံနက်(၁၁)နာရီအချိန်က ရွှေတောင်အထည်ချုပ် စက်ရုံအဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး Myanmar Tsuyotomo Co., Ltd , President , Mr.Yoshihiro Oguri ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ Mr.Yoshihiro Oguri မိမိတို့ကုမ္ပဏီသည် ရွှေတောင်အထည်ချုပ် စက်ရုံအား ပြန်လည်အဆင့်မြှင့်တင်ပြီး ကားထိုင်ခုံ၊ လေယာဉ်ခုံနှင့် အခြားလူသုံးကုန်ပစ္စည်းများအတွက် လိုအပ်သော အထည်များကို ခေတ်မီနည်းပညာဖြင့် ဖြန့်ဖြူးထုတ်လုပ်ရန် ရည်ရွယ်ထားပါကြောင်း၊ JICA အဖွဲ့နှင့် ပူးပေါင်း၍ မြန်မာအစိုးရနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်သွားရန်၊ လက်ရှိစက်ရုံဝန်ထမ်းများကိုလည်း သင်တန်းများပေးခြင်း၊ အလုပ်အကိုင် အခွင့်အလန်းပေးခြင်းတို့ကို ဆောင်ရွက်၍ မီးလောင်မလွယ်သည့် အထည်များကို ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြည်ထောင်စုဝန်ကြီးဌာနနှင့် တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်မည့်လုပ်ငန်းဖြစ်၍ မိမိတို့အစိုးရအနေဖြင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မီးလောင်မလွယ်သည့် အထည်များဖြစ်ရန် ဆေးဆိုးခြင်းလုပ်ငန်းများ ပါဝင်လာမည်ဖြစ်၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး၊ ရေဆိုးသန့်စင်သည့် စနစ်များကို အထူးအလေးထား ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ Myanmar Tsuyotomo Co., Ltd , President , Mr.Yoshihiro Oguri ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။