Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / လူမှုဖူလုံရေး အကျိုးခံစားခွင့် ပေးအပ်ခြင်း အခမ်းအနားကျင်းပ

လူမှုဖူလုံရေး အကျိုးခံစားခွင့် ပေးအပ်ခြင်း အခမ်းအနားကျင်းပ

မတ် ၅ (ပဲခူး)
———————————-

မတ်လ(၅)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်က ပဲခူးမြို့ ဥဿာမြို့သစ်၊ (၆)ရပ်ကွက် သမိန်ဗရမ်းလမ်းရှိ တိုင်းဒေသကြီး လူမှုဖူလုံရေးရုံးတွင် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ငွေကြေးအကျိုးခံစားခွင့် ထုတ်ပေးခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီး ဦးထွန်းထွန်းဦးတို့က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်ကေသီခိုင်မှ လူမှုဖူလုံရေးရပိုင်ခွင့်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ညောင်လေးပင်မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မြန်မာ့သစ်လုပ်ငန်းဌာနမှ အာမခံအလုပ်သမား ဦးကျော်လင်း၏ လုပ်ငန်းခွင်ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေကျပ်သိန်း(၉၀)နှင့် ဦးဝင်းလှိုင်၏ အလုပ်တွင်ထိခိုက်မှု သေဆုံးမှုအတွက် ငွေကျပ်(၅၄)သိန်း၊ ပဲခူးမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အမှတ်(၃၃)သစ်စက်မှ အာမခံအလုပ်သမား ဦးကျော်လွင်ဦး၏ နာရေးစရိတ်ငွေကျပ်(၉၆၈၂၂၀)၊ Sunforce ကုမ္ပဏီမှ အာမခံအလုပ်သမား ဦးကျော်ကိုကိုနိုင်၏ အလုပ်တွင် ထိခိုက်မှု အမြဲတမ်းမသန်စွမ်းမှု ငွေလုံးငွေရင်းငွေကျပ်(၂၅၄၀၁၆၀)တို့အား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေမှလည်းကောင်း၊ ဖြူးမြို့နယ်လူမှုဖူလုံရေးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် မြန်မာ့မီးရထားဌာနမှ အာမခံအလုပ်သမား ဦးကျော်မင်းထိုက်၏ အလုပ်တွင်ထိခိုက်‌သေဆုံးမှုအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေကျပ်(၄၈၆၀၀၀၀)၊ တောင်ငူမြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် မြန်မာ့မီးရထားဌာနမှ အာမခံအလုပ်သမား ဦးထွန်းထွန်းစိန်၏ အလုပ်တွင် ထိခိုက်မှုအမြဲတမ်းမသန်စွမ်းမှု ငွေလုံးငွေရင်းငွေကျပ် (၃၉၆၉၀၀၀)၊ ပဲခူးမြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော Tan Chaung ကုမ္ပဏီမှ အာမခံအလုပ်သမား ဒေါ်သိမ့်ဇင်မောင်၏ မီးဖွားစရိတ်အတွက် ငွေကျပ်(၈၁၈၀၀၀)၊ ကမ္ဘာ့ရတနာဘဏ်မှ အာမခံအလုပ်သမား ဒေါ်အေးအေးမော်၏ နာရေးစရိတ်ငွေကျပ်(၉၈၀၀၀၀)တို့အား လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးထွန်းထွန်းဦးမှလည်းကောင်း၊ ပဲခူးမြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် မြန်မာ့စီးပွားရေးဦးပိုင်မှ အာမခံအလုပ်သမား ဒေါ်မျိုးဟေမာန်နိုင်၏ မီးဖွားစရိတ်ငွေကျပ်(၅၆၃၆၄၀)၊ Hung Kiu(1) အထည်ချုပ်စက်ရုံမှ အာမခံအလုပ်သမား ဒေါ်အေးပို၏ အမြဲတမ်းမသန်စွမ်းမှု ငွေလုံးငွေရင်း(၁၈၄၂၁၂)ကျပ်၊ မြန်မာ့စီးပွားရေးဦးပိုင်မှ အာမခံအလုပ်သမား ဒေါ်သန္တာဦး၏ မီးဖွားမှုစရိတ်အတွက် (၅၂၈၆၆၀)ကျပ်၊ Karishma Apparel အထည်ချုပ်စက်ရုံမှ အာမခံအလုပ်သမား ဒေါ်နီလာဦး၏ ဆေးဘိုးပြန်အမ်းငွေ(၁၀၃၅၀၀)ကျပ်တို့အား တိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသီခိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများမှ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။