Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / လူမှုဖူလုံရေး ဥပဒေနှင့်အညီ အကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကျင်းပ

လူမှုဖူလုံရေး ဥပဒေနှင့်အညီ အကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကျင်းပ

စက်တင်ဘာ ၂၆ (ပဲခူး)
===========================

70932407_698167417329668_279213710789050368_n
ပဲခူးမြို့၊ ဥဿာမြို့သစ်၊ (၆)ရပ်ကွက်၊ သမိန်ဗရမ်းလမ်းရှိ ပဲခူးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးတွင် စက်တင်ဘာလ(၂၆)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ အလုပ်တွင်ထိခိုက်မှုကြောင့် ကျန်ရစ်သူမိသားစုအား ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ငွေကြေးအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီး ဦးထွန်းထွန်းဦးက အဖွင့်အမှာစကား ပြောကြားပြီး ပဲခူးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးတာဝန်ခံ အရာရှိ ဒေါ်ကေသီခိုင်က လုမှုဖူလုံရေးနှင့် ပတ်သက်သည့် အကျိုးခံစားခွင့်များ အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပဲခူးမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားကြသော မဟာဓာတ်အားလိုင်းမှူးရုံး (ကမာနတ်)မှ အာမခံအလုပ်သမား ဦးရဲဟိန်း၏ အလုပ်တွင် ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်ငွေကျပ်(၄၃၂၀၀၀ဝိ/)၊ ဆုစ်စတား အထည်ချုပ်စက်ရုံမှ အာမခံအလုပ်သမား ဦးအောင်ပွင့်၏ မမာမကျန်းအကျိုးခံစားခွင့်နှင့် နာရေးစရိတ်ငွေကျပ်(၇၀၈၀၀ဝိ/)တို့အား လူဝန်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းထွန်းဦးမှလည်းကောင်း၊ မြန်မာ့မီးရထားဌာနမှ အာမခံအလုပ်သမား ဦးဝင်းရွှေ၏ နားရေးစရိတ်အတွက် အကျိုးခံစားခွင့်ငွေကျပ် (၆၅၆၆၄ဝိ/)ကို အလုပ်သမားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးအောင်ငြိမ်းမှလည်းကောင်း၊ Hayman Capital အလုပ်ဌာနမှ အာမခံအလုပ်သမား မငြိမ့်ဝါဆို၏ မီးဖွားမှုနှင့် မီးဖွားစရိတ်အတွက် အကျိုးခံစားခွင့်ငွေကျေပ်(၇၀၃၀၀ဝိ/)ကျပ်အား အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဇင်ကေသွယ်မှလည်းကောင်း၊ Shyang Peng Chang Co.,Ltd အာမခံအလုပ်သမား ဒေါ်ဇင်သူထက်၏ အမြဲတမ်းမသန်စွမ်းမှုနှင့်ဆိုင်သည့် ငွေလုံးငွေရင်း (၅၂၆၁၇၆/)ကျပ်အား အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ခင်မာသက်မှလည်းကောင်း၊ Karisma Apparel အထည်ချုပ်စက်ရုံမှ အာမခံအလုပ်သမား ဒေါ်နီလာဦး၏ ဆေးဘိုးပြန်အမ်းငွေ (၁၂၆၅၀ဝိ/)ကျပ်အား ပဲခူးတိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒေါ်ကေသီခိုင်မှလည်းကောင်း ကျန်ရစ်သူမိသားစုများနှင့် သက်ဆိုင်သူများထံ အသီးသီးထောက်ပံ့ပေးအပ်ကြကြောင်း သတင်းရရှိသည်။