Home / ပဲခူးမြို့နယ် / ဝန်ကြီးချုပ်ဖလား (၄)ခရိုင်မြန်မာ့ရိုးရာလက်ဝှေ့ ဗိုလ်လုပွဲယှဉ်ပြိုင်မှုနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်

ဝန်ကြီးချုပ်ဖလား (၄)ခရိုင်မြန်မာ့ရိုးရာလက်ဝှေ့ ဗိုလ်လုပွဲယှဉ်ပြိုင်မှုနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်

မေ ၂၈ (ပဲခူး)
==========================

ပဲခူးတိုင်းဒေသကြီး အားကစားခန်းမ၌ မေလ(၂၈)ရက်နေ့၊ မွန်းလွှဲ(၂)နာရီအချိန်က ဝန်ကြီးချုပ်ဖလား (၄)ခရိုင်မြန်မာ့ရိုးရာလက်ဝှေ့ လူရွေးပြိုင်ပွဲ၊ စိန်ခေါ်ပွဲ ဒုတိယနေ့ ယှဉ်ပြိုင်ကစားခြင်းနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ဗိုလ်လုပွဲများအဖြစ် လူသစ်တန်း (၄၈၊ ၅၁၊ ၅၄၊ ၅၇၊ ၆0၊ ၆၃.၅၊ ၆၇) ကီလိုတန်းနှင့် (ဂ)အဆင့် (၅၀)ကီလိုနှင့် (၅၄)ကီလို လက်ရည်စစ်ပွဲ၊ အထူးကြားပွဲ၊ (၅)ချီစိန်ခေါ်ပွဲနှင့် အမျိုးသမီး(၃)ချီ စိန်ခေါ်ပွဲများ ယှဉ်ပြိုင်ကစားရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်နှင့် လက်ဝှေ့အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြသည်။
လူသစ်တန်း (၄၈)ကီလို (၃)ချီပြိုင်ပွဲတွင် နေလင်းထွန်း(ပဲခူးခရိုင်)နှင့် စောအောင်နိုင်ဦး(တောင်ငူခရိုင်)တို့ ယှဉ်ပြိုင်ရာ စောအောင်နိုင်ဦး (တောင်ငူခရိုင်) မှလည်းကောင်း၊ (၅၁)ကီလိုတန်းတွင် သက်နိုင်ဦး(ပြည်ခရိုင်)နှင့် ဇေယျာဝင်း(တောင်ငူခရိုင်)တို့ အတွဲတွင် သက်နိုင်ဦး (ပြည်ခရိုင်)မှလည်းကောင်း၊ (၅၄)ကီလိုတန်းတွင် ခွန်စောလူလေး(တောင်ငူခရိုင်)နှင့် ကျော်ထက်(ပဲခူးခရိုင်)တွင် ကျော်ထက်(ပဲခူးခရိုင်) မှလည်းကောင်း၊ (၅၇)ကီလိုတန်းတွင် ဆလိုင်းဟိန်းထက်မြဝင်း (ပြည်ခရိုင်)နှင့် နိုင်လင်းထွန်း (ပဲခူးခရိုင်) အတွဲတွင် ဆလိုင်းဟိန်းထက်မြဝင်း (ပြည်ခရိုင်)မှလည်းကောင်း၊ (၆၀)ကီလိုတန်း ဟန်နိုင်းနိုင်း(ပြည်ခရိုင်)နှင့် ပွဲတိုင်းနိုင်(ပဲခူးခရိုင်)အတွဲတွင် ပွဲတိုင်းနိုင် (ပဲခူးခရိုင်)မှလည်းကောင်း၊ (၆၃.၅)ကီလိုတန်းတွင် လင်းလင်း(သာယာဝတီခရိုင်)နှင့် အောင်ထူးထူး (တောင်ငူ)ခရိုင်အတွဲတွင် အောင်ထူးထူး (တောင်ငူခရိုင်)မှလည်းကောင်း၊ (၆၇)ကီလိုတန်းတွင် ရွှေကရင် (ပဲခူးခရိုင်)နှင့် တင်မင်းဦး (ပြည်ခရိုင်)အတွဲတွင် ရွှေကရင် (ပဲခူးခရိုင်)မှလည်းကောင်း၊ (ဂ)အဆင့် (၅၁)ကီလိုနှင့် (၅၄)ကီလိုတန်း လက်ရည်စစ်ပွဲတွင် အောင်စည်သူ (ပြည်ခရိုင်)နှင့် ခွန်ရှိုင်းရှိုင်း (တောင်ငူခရိုင်)အတွဲတွင် ပူးတွဲအဖြစ်လည်းကောင်း၊ (၆၀)ကီလိုနှင့် (၆၃.၅)ကီလိုတန်းတွင် ကောင်းကောင်း(ပဲခူးခရိုင်)နှင့် ရာဇာဝင်း (တောင်ငူခရိုင်) အတွဲတွင် ပူးတွဲအဖြစ်လည်းကောင်း၊ (၅)ချီစိန်ခေါ်ပွဲ၌ ထွန်းမင်းနိုင်(ထွန်းထွန်းမင်းကလပ်)နှင့် ကျော်စွာဝင်း (ယူနိုက်တက်ကလပ်)အတွဲတွင် ပူးတွဲဖြစ်လည်းကောင်း၊ အမျိုးသမီး(၃)ချီစိန်ခေါ်ပွဲတွင် လင်းယုန်မေ(ကျားရဲကလပ်)နှင့် ရွှေကိုလေး (ပဲခူးကလပ်) အတွဲတွင် ပူးတွဲအဖြစ်လည်းကောင်း အသီးသီး အနိုင်ရရှိသွားကြသည်။
ထို့နောက် ကီလိုတန်းအသီးသီးတွင် ပထမ၊ ဒုတိယဆုရရှိသောသူများအား စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်လွင်၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် တာဝန်ရှိသူများမှလည်းကောင်း၊ ရွှေတံဆိပ်(၂)ခု၊ ငွေ(၂)ဖြင့် တံခွန်စိုက်ဖလားဆု ရရှိသော တောင်ငူခရိုင်အသင်းအား တံခွန်စိုက်ဖလားနှင့် ငွေသားဆုများကို ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ လည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။