Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ်ဦးဝင်းသိန်း ရေတာရှည်မြို့နယ်၊ ကျွန်းတောစုကျေးရွာသစ်သို့ရောက်ရှိ

ဝန်ကြီးချုပ်ဦးဝင်းသိန်း ရေတာရှည်မြို့နယ်၊ ကျွန်းတောစုကျေးရွာသစ်သို့ရောက်ရှိ

အောက်တိုဘာ ၃၀ (ရေတာရှည်)

==================

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အောက်တိုဘာလ(၃၀)ရက်နေ့ ညနေ(၅:၃၀)နာရီအချိန်က လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ရေတာရှည်မြို့နယ် ကျွန်းတောစုကျေးရွာ ရေဘေးသင့်ပြည်သူများအတွက် အသစ်ဆောက်လုပ်လှူ ဒါန်းသော နေအိမ်(၁၇၅)လုံးအား လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်မည့်နေရာသို့ သွားရောက်ကြည်ရှုစစ်ဆေးပြီး လိုအပ်သည်များလမ်းညွှန်မှာကြားကာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။