Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ်ဦးဝင်းသိန်း တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ကျေးရွာချင်းဆက်တံတားချည်းကပ်လမ်းနှင့် ကျောက်ရောမြေလမ်း ခင်းခြင်းလုပ်ငန်းဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး

ဝန်ကြီးချုပ်ဦးဝင်းသိန်း တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ကျေးရွာချင်းဆက်တံတားချည်းကပ်လမ်းနှင့် ကျောက်ရောမြေလမ်း ခင်းခြင်းလုပ်ငန်းဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး

နိုဝင်ဘာ ၂၁ (ရေတာရှည်)
—————————-


ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းသည် နိုဝင်ဘာလ(၂၁)ရက်နေ့ မွန်းလွဲပိုင်းအချိန်က ရေတာရှည်မြို့နယ် စည်ပိုင်းကျေးရွာအုပ်စုနှင့် နဂျပ်ကျေးရွာအုပ်စုတို့ ဆက်သွယ်သွားလာသည့် ကျေးရွာချင်းဆက်တံတားချည်းကပ်လမ်းနှင့် ကျောက်ရောမြေလမ်း ခင်းခြင်းလုပ်ငန်းဆောင်ရွက်ထားရှိမှုအား တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စည်ပိုင်းကျေးရွာအုပ်စုနှင့် နဂျပ်ကျေးရွာအုပ်စုတို့ ဆက်သွယ်သွားလာသည့် ကျေးရွာချင်းဆက်လမ်းမပေါ်တွင် ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ပိုလျှံရန်ပုံငွေကျပ် သိန်း(၂၂၅၀)ဖြင့် ဆောင်ရွက်ခဲ့သည့် (၁၅၀×၁၈×၁၀)ပေရှိသံကူကွန်ကရစ်တံတား၏ ချည်းကပ်လမ်းနှင့် တံတားနှင့်ဆက်သွယ်သည့် လမ်းအား ကျောက်ရောမြေလမ်း(၁.၇)မိုင်အားဆောင်ရွက်‌ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။