Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးမြို့တွင်ပြုလုပ်သည့် လူထုစုပေါင်းလမ်းလျှောက်ပွဲ နောက်ဆုံးအပတ်တက်ရောက်

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးမြို့တွင်ပြုလုပ်သည့် လူထုစုပေါင်းလမ်းလျှောက်ပွဲ နောက်ဆုံးအပတ်တက်ရောက်

ဒီဇင်ဘာ ၂၈ (ပဲခူး)
__________________

ဒီဇင်ဘာလ(၂၈)ရက်နေ့ နံနက်(၅:၃၀)နာရီအချိန်က ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနရုံးရှေ့မှစတင်၍ လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ နောက်ဆုံးအပတ် ကျင်းပပြုလုပ်သည်။
လူထုလျှောက်ပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ အခြေခံပညာကျောင်းသား/သူများ၊ အဆင့်မြင့်ပညာ ကျောင်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများ၊ စက်ရုံ အလုပ်ရုံများမှ လုပ်သားများ၊ ရပ်ကွက်နေပြည်သူများ ပါဝင်ကာ စုစုပေါင်းအင်အား (၈၁၆၀၀)ဦးကျော် တက်ရောက်ပြီး တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနရုံးရှေ့မှစတင်၍ ရွှေမော်ဓော်ဘုရားလမ်း၊ ရှင်စောပုလမ်းနှင့် သနပ်ပင်လမ်းများတစ်လျှောက် စုပေါင်းလမ်းလျှောက်ကာ ရွှေမော်ဘုရားယာဉ်ရပ်နားကွင်းအတွင်း၌ Fitness dance ကိုယ်လက်လှုပ်ရှားဆေးတစ်ပါးနှင့် ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတို့ကို စုပေါင်းလုပ်ဆောင်ကြသည့်အပြင် တိုင်းဒေသကြီး အားကစားခန်းမအတွင်း၌လည်း နေ့ချင်းပြီး အားကစားပြိုင်ပွဲများကို လမ်းလျှောက်ပွဲပါဝင်သူ ကျောင်းသား/သူများနှင့် ပြည်သူများက ပါဝင်ယှဉ်ပြိုင်ကစားကြကြောင်း သတင်းရရှိသည်။