Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးဆေးရုံကြီးအတွင်း အောင်သုခ(၄)ထပ်ဆေးရုံ အဆောင်သစ်တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှု

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးဆေးရုံကြီးအတွင်း အောင်သုခ(၄)ထပ်ဆေးရုံ အဆောင်သစ်တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှု

ဇန်နဝါရီ ၂ (ပဲခူး)
——————————

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ(၂)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ဥပဒေချုပ် ဦးအုန်းမြင့်၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့်အတူ ပဲခူးပြည်သူ့ဆေးရုံကြီးအတွင်း အောင်သုခဓမ္မရိပ်သာ ဆရာတော်ဘုရားကြီးနှင့် ဒါယကာ ဒါယိကာမများ စုပေါင်းလှူဒါန်းထားသည့် အောင်သုခ(၄)ထပ်ဆေးရုံ အဆောင်သစ်တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ဝန်ကြီးချုပ်နှင့်အဖွဲ့အား အောင်သု(၄)ထပ်အဆောက်အအုံအား တာဝန်ယူတည်ဆောက်နေ့သည့် RAINFOREST CO.,LTDမှ Project Manager ဦးသန်းလွင်မှ လိုက်လံရှင်းလင်းပြသရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး ဆေးရုံအတွင်း ပြည်ထောင်စုဘတ်ဂျက်ဖြင့် တည်ဆောက်တူးဖော်နေသည့် စက်ရေတွင်းနှင့် ဆောက်လုပ်နေ့သည့်(၄)ခန်းတွဲ(၄)ထပ် ဝန်ထမ်းအိမ်ယာ(၄)လုံးတို့အား လှည့်လည်ကြည့်ရှုရာ ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်မှ လိုက်လံရှင်းလင်းတင်ပြသည်။
အောင်သုခ(၄)ထပ်ဆေးရုံ အဆောင်သစ်ကြီးသည် ပဲခူးမြို့ အောင်သုခဓမ္မရိပ်သာဆရာတော်ကြီးနှင့် တပည့်ဒါယကာ၊ ဒါယိကာမများမှ စုပေါင်းလှူဒါန်းခြင်းဖြစ်ပြီး အဆိုပါဆေးရုံအား ၂၀၁၈ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့တွင် စတင်ပန္နက်ရိုက်တည်ဆောက်ခဲ့ရာ ယခု(၇၅℅)ခန့်ပြီးစီးနေပြီဖြစ်ပြီး ၂၀၂၀ခုနှစ် မေလတွင် တည်ဆောက်ရေးလုပ်ငန်းများ အပြီးဆောင်ရွက်သွားမည်ဖြစ်သည်။ ဆေးရုံကြီးအတွက် ကုန်ကျငွေမှာ သိန်းပေါင်း(၂၅၀၀၀)ကျော် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
” ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီးအား လူထုလူတန်းစားမရွေး၊ ဒေသခံပြည်သူများအားလုံး ယုံကြည်အားထား၍ အသုံးပြုနိုင်သည့်၊ အရည်အသွေးပြည့်ဝသည့်၊ ကုသမှုများဆောင်ရွက်ပေးနိုင်သည့် အဆင့်မီပြည်သူ့ဆေးရုံကြီးအဖြစ် ဖွံ့ဖြိုးတိုးတက်လာစေရေး” ရည်မှန်းချက်နှင့်အညီ ပဲခူးပြည့်သူ့ဆေးရုံကြီးမှ အဆင့်ဆင့်သောဝန်ထမ်းများသည် Stakeholder များအားလုံးနှင့် ပူးပေါင်းလက်တွဲပြီး ဆေးရုံတစ်ခုလုံးဘေးကင်းလုံခြုံမှု (Hospital Safety)ရရှိပြီး လူနာ/လူနာရှင်များနှင့် ဆေးရုံဝန်ထမ်းမိသားစုများအားလုံး စိတ်ပျော်ရွှင်ကျေနပ်မှု (Clients’ Satisfaction and Provider Satisfaction) တိုးတက်ကောင်းမွန်လာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြကြောင်း၊ ဂျပန်နိုင်ငံရှိ ဆေးရုံများတွင် အသုံးပြုလျှက်ရှိသည့် 5S-KAIZEN နည်းစနစ်များကို အသုံးပြုခြင်းအားဖြင့် ကုသရေးလုပ်ငန်းဆောင်ရွက်မှု အရည်အသွေးများ ဖွံ့ဖြိုးတိုးတက်လာစေရန် Strategic Action Plan ရေးဆွဲ၍ စနစ်တကျ ဆောင်ရွက်နေကြကြောင်း၊ ဆေးရုံကြီး၏ (၂)နှစ်တာကာလအတွင်း ဖွံ့ဖြိုးတိုးတက်လာမှု မှတ်တမ်းစာအုပ်အရ သိရှိရသည်။
ပဲခူးပြည့်သူ့ဆေးရုံကြီးတွင် ဆေးရုံအိမ်သာများအပါအဝင် ဆေးရုံတွင်း/ပြင် သန့်ရှင်းရေး ပိုမိုကောင်းမွန်လာခြင်း၊ လူနာစောင့်နားနေဆောင် ဆောက်လုပ်အသုံးပြုနိုင်ခြင်း၊ ခွဲစိတ်ကုသဆောင်နှင့် အရိုးကုသဆောင်အတွက် တိုးချဲ့အဆောက်အဦ ဆောက်လုပ်အသုံးပြုနိုင်ခြင်း၊ (၄)ခန်းတွဲ(၄)ထပ် ဝန်ထမ်းအိမ်ရာဆောက်လုပ်နိုင်ခြင်း၊ သံလိုက်ဓာတ်မှန် (MRI) စက်တပ်ဆင်ပြီးစီးခြင်း၊ ဆင်းရဲနွမ်းပါးလူနာများ/ ပိုင်ရှင်မဲ့လူနာများအတွက် အခမဲ့ကုသမှုများ ဆောင်ရွက်ပေးနိုင်ခြင်း၊ အထူးအားဖြင့် ပဲခူးအောင်သုခဆရာတော်ကြီးလှူဒါန်းသည့် အဆင့်မီ(၄)ထပ် လူနာဆောင်ဆောက်လုပ်နိုင်ခြင်း စသည့် သိသာထင်ရှားသော တိုးတက်မှုများရှိကြောင်း သတင်းရရှိသည်။