Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း တောင်ငူမြို့ တေဇာခင်ဦး(၅)လမ်း ကွန်ကရစ်လမ်းဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်

ဝန်ကြီးချုပ် ဦးဝင်းသိန်း တောင်ငူမြို့ တေဇာခင်ဦး(၅)လမ်း ကွန်ကရစ်လမ်းဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်

ဇန်နဝါရီ ၁၁ (တောင်ငူ)
———————–

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ(၁၁)ရက်နေ့ နံနက်(၈)နာရီအချိန်က တောင်ငူမြို့ အမှတ်(၂)ရပ်ကွက်၊ အရှည်(၁၀၀၀)ပေရှိ တေဇာခင်ဦး(၅)လမ်း ကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ တေဇာခင်ဦး(၅)လမ်းအား ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ခြင်းကြောင့် ရပ်ကွက်နေပြည်သူများ သွားလာရေးလွယ်ကူချောမွေ့စေပြီး ကျောင်းသား/သူများအနေဖြင့်လည်း စိတ်လက်ကြည်သာစွာ သွားလာနိုင်ကြပြီး လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးစသည့် အဖက်ဖက်မှ တိုးတက်ဖွံ့ဖြိုးကောင်းမွန်လာစေရန် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါကွန်ကရစ်လမ်းအား ရေရှည်တည်တံ့ကောင်းမွန်စွာ အသုံးပြုနိုင်ရေးအတွက် ရပ်ကွက်နေပြည်သူများအနေဖြင့်လည်း ရေရှည်ကောင်းမွန်သော လမ်းတစ်လမ်းဖြစ်လာစေရန် ပူးပေါင်းပါဝင် ထိန်းသိမ်းစောင့်ရှောက်သွားဖို့လိုကြောင်း အဖွင့်အမှာစကားပြောပြီး လမ်းဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဦးပြုံးမောင်က ကျေးဇူးတင်စကားနှင့် လမ်းအဆင့်မြှင့်တင်ခင်းမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် လမ်းဖွင့်ပွဲအထိမ်းအမှတ်အဖြစ် လမ်းဖြစ်မြောက်ရေးကော်မတီမှ ဝန်ကြီးချုပ်ထံ အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်ပြီး တေဇာခင်ဦး(၅)လမ်း ကွန်ကရစ်လမ်းမကြီးအား ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တောင်ငူခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးထက်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်း၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးအေးလွင်နှင့် လမ်းဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဦးပြုံးမောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကွန်ကရစ်လမ်အား ကြည့်ရှုစစ်ဆေးကြသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ လမ်းဖြစ်မြောက်ရေးကော်မတီများ၊ ဒေသခံပြည်သူများ တက်ရောက်ကြပြီး ဝန်ကြီးချုပ်မှ အခမ်းအနားသို့ တက်ရောက်လာကြသူများအား နိုင်ငံတော်အစိုးရမှ အသစ်ထုတ်လုပ်လိုက်သည့် ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငွေကျပ်(၁၀၀၀)တန်များအား ဝေငှပေးခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းသည် အလျား(၁၀၀၀)ပေ၊ အကျယ်(၁၀)ပေ၊ အမြင့်(၆)လက်မရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် (၂၀၉)သိန်းဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် လမ်းဖြစ်မြောက်ရေးကော်မတီတို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကောင်းခြင်းချမ်းသာကုမ္ပဏီမှ တာဝန်ယူကာ လမ်းအဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။