Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း ရေတာရှည်မြို့နယ်၊ ကြံသနွယ်ကျေးရွာ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲသို့တက်ရောက်ဖွင့်လှစ်

ဝန်ကြီးချုပ် ဦးဝင်းသိန်း ရေတာရှည်မြို့နယ်၊ ကြံသနွယ်ကျေးရွာ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲသို့တက်ရောက်ဖွင့်လှစ်

ဇန်နဝါရီလ ၁၁ (ရေတာရှည်)
___ _________________

9ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဒီဇင်ဘာလ(၁၁)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ရေတာရှည်မြို့နယ်၊ ကြံနွယ်ကျေးရွာအုပ်စု၊ ကြံသနွယ်ကျေးရွာတွင် ကျင်းပပြုလုပ်သည့် ကျေးရွာလျှပ်စစ်မီးလင်းရေးဖွင့်ပွဲသို့ တက်ရောက်ပြီး ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ကြံသနွယ်ကျေးရွာ လျှပ်စစ်မီးလင်းရေးအတွက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်နှင့် တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာဦးရဲဝဏ္ဏတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ဝန်ကြီးချုပ်မှ ဖျော်ဖြေတင်ဆက်ကြသည့် ဒိုးပတ်အဖွဲ့၊ ဘင်ခရာအဖွဲ့နှင့် ပန်းပွားအကအဖွဲ့တို့အား ချီးမြှင့်ငွေများ ပေးအပ်ချီးမြင့်ခဲ့သည်။
ရေတာရှည်မြို့နယ်၊ ကြံသနွယ်ကျေးရွာ လျှပ်စစ်မီးလင်းရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ NEP စီမံကိန်း ထောက်ပံ့ငွေကျပ်(၄.၅)သန်းဖြင့် (၁.၅)မိုင်ရှိ (11KV)ဓာတ်အားလိုင်းနှင့် 11/0.4KV(200)KVA ထရန်စဖော်မာ(၁)လုံးတို့အား NEP phase-1(၂)မိုင်အတွင်း ကျေးရွာအစီအစဉ်တွင် ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာနေပြည်သူများမှ ကျေးရွာအတွင်း (400V)ဓာတ်အားလိုင်း(၁၂)မိုင်အတွက် ထည့်ဝင်ငွေကျပ်(၃၉.၆)သန်း၊ စုစုပေါင်းကုန်ကျငွေ ကျပ်သန်း(၅၅)သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုဆိုလျှင် ကျေးရွာအတွင်း နေထိုင်ကြသည့် မိသားစုများမှာ လျှပ်စစ်မီး အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။