Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း သနပ်ပင်မြို့နယ် ကျွန်းကြီးကျေးရွာ အထက်တန်းကျောင်း၌ ပဲနို့တိုက်ကျွေးခြင်း အခမ်းအနားသို့တက်ရောက်

ဝန်ကြီးချုပ် ဦးဝင်းသိန်း သနပ်ပင်မြို့နယ် ကျွန်းကြီးကျေးရွာ အထက်တန်းကျောင်း၌ ပဲနို့တိုက်ကျွေးခြင်း အခမ်းအနားသို့တက်ရောက်

ဇန်နဝါရီ ၂၀ (သနပ်ပင်)
———————-

ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ် ကျွန်းကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ဇန်နဝါရီလ(၂၀)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်က မြန်မာမုဒိတာဖောင်ဒေးရှင်းမှ ပဲနို့တိုက်ကျွေးခြင်း အခမ်းအနား ကျင်းပပြုလုပ်ရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဝန်ကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ အမှာစကားပြောကြားပြီး မြန်မာမုဒိတာဖောင်ဒေးရှင်း ဥက္ကဌ ဦးတင်မောင်နိုင်မှ ပဲနို့တိုက်ကျွေးလှူဒါန်းရခြင်း၊ ပဲနို့သောက်သုံးခြင်းကြောင့် ရရှိသည့် အကျိုးကျေးဇူးများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းမော်ထံ ပဲနို့ဖျော်စက်(၁)လုံး လွှဲပြောင်းပေးအပ် လှူဒါန်းပေးခဲ့သည်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းမော်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့မှ ကျွန်းကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ KGတန်းမှ ဒဿမတန်းအထိ ပညာသင်ကြားနေသည့် ကျောင်းသား/သူ (၆၉၃)ဦးအား မြန်မာမုဒိတာဖောင်ဒေးရှင်းမှ ပဲနို့တိုက်ကျွေးလှူဒါန်းပေးနေမှုကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ဝန်ုကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။