Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ရေတာရှည်မြို့နယ် ကျွဲရိုင်းပြင်ကျေးရွာ ပြည်သူများတွေ့ဆုံ

ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ရေတာရှည်မြို့နယ် ကျွဲရိုင်းပြင်ကျေးရွာ ပြည်သူများတွေ့ဆုံ

ဖေဖော်ဝါရီ ၂၁ (ရေတာရှည်)
_________________

ဖေဖော်ဝါရီလ(၂၁)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ရေတာရှည်မြို့နယ် ကျွဲရိုင်းပြင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ပြည်သူများနှင့်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ကျွဲရိုင်းပြင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော်အား ရှိခိုးကန်တော့၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ အမှစကားပြောကြားခဲ့သည်။
ထို့နောက် တောင်ငူခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှုး ဒေါက်တာမီမီခင်က အဆုတ်ရောင်ရောဂါ 2019-nConရောဂါအကြောင်း သိကောင်းစရာများကိုလည်း‌ကောင်း၊ ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးမျိုးသိန်းက ဌာန၏လုပ်ဆောင်ချက်များနှင့် မြစိမ်းရောင်စီမံကိန်းအကြောင်းကိုလည်းကောင်း၊ ရေတာရှည်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာကြည်လင်က နေပီယာမြက်စိုက်ပျိုးထုတ်လုပ်ရေးနှင့် ကျွဲ၊နွား၊ဝက် တရစ္ဆာန်များ စနစ်တကျ မွေးမြူရေးဆိုင်ရာများကို အသိပညာပေးဟောပြောကြပြီး ရေတာရှည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှလည်း ဦးစီးဌာန၏ မျှော်မှန်းချက်၊ ကျေးရွာမြေငှားဂရန်၊ ဘိလိယက်ခုံလိုင်စင်၊ ပုဂ္ဂလိကမြေငှားဂရန်၊ စက်မှုမြေငှားဂရန်၊ သဲထုတ်လုပ်ခွင့်လုပ်ငန်း၊ အုတ်ဖုတ်လုပ်ငန်းလိုင်စင်များ လျှောက်ထားရာတွင် လိုအပ်သည့်အချက်များပါရှိသည့် လက်ကမ်းစာစောင်တို့ကိုလည်း ပြည်သူများ အသိပညာရရှိစေရန် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။