Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း ရေတာရှည်မြို့နယ် ကြံသနွယ်ရွာနှင့် အမြန်လမ်း(၁၅၈)မိုင်သို့ ဆက်သွယ်ဖေါက်လုပ်မည့်လမ်းတွင် ‌လယ်ယာမြေပါဝင်သွားသည့် တောင်သူများနှင့်တွေ့ဆုံ

ဝန်ကြီးချုပ် ဦးဝင်းသိန်း ရေတာရှည်မြို့နယ် ကြံသနွယ်ရွာနှင့် အမြန်လမ်း(၁၅၈)မိုင်သို့ ဆက်သွယ်ဖေါက်လုပ်မည့်လမ်းတွင် ‌လယ်ယာမြေပါဝင်သွားသည့် တောင်သူများနှင့်တွေ့ဆုံ

ဖေဖော်ဝါရီ ၂၁ (ရေတာရှည်)
———————————

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဖေဖော်ဝါရီလ(၂၁)ရက်နေ့ ညနေ(၄:၃၀)နာရီအချိန်က ရေတာရှည်မြို့နယ် နတ်ရေတွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကြံသနွယ်ရွာနှင့် အမြန်လမ်း(၁၅၈)မိုင်သို့ ဆက်သွယ်ဖေါက်လုပ်မည့် လမ်းတွင် လယ်ယာမြေပါဝင်သွားသည့် တောင်သူများနှင့် တွေ့ဆုံညှိနှိုင်းပွဲ ပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးလမ်းဦးစီး ညွှန်ကြားရေးမှုး(မြို့ပြ) ဦးတိုးတိုးက လမ်းအူကြောင်း‌ ရှာဖွေဖောက်လုပ်ထားရှိမှု အ‌ခြေအနေနှင့် သီးနှံ/မြေယာလျှော်ကြေး ပေးဆောင်မည့် အခြေအနေများကို ရှင်းလင်းပြောကြားကာ ကြံသနွယ်ရွာနှင့် အမြန်လမ်း(၁၅၈)မိုင်သို့ ဆက်သွယ်ဖေါက်လုပ်မည့် လမ်းတွင် လယ်ယာမြေပါဝင်သွားသည့် တောင်သူများက သိလိုသည်များ‌‌ မေးမြန်းဆွေးနွေးခဲ့ကြသည်။
ရေတာရှည်မြို့နယ် ကြံသနွယ်ရွာနှင့် အမြန်လမ်း(၁၅၈)မိုင်သို့ ဆက်သွယ်ဖေါက်လုပ်မည့်လမ်းသည် အရှည်(၃)မိုင် (၆)ဖာလုံ ရှိပြီး ကြံသနွယ်ကျေးရွာအုပ်စု နတ်ရေတွင်းကျေးရွာနှင့် ကျောက်ချောင်းကျေးရွာတို့ကို ဖြတ်သန်းကာဖောက်လုပ်မည်ဖြစ်သဖြင့် ခင်တန်းကြီးကျေးရွာအုပ်စုနှင့် ကြံသနွယ်ကျေးရွာအုပ်စုအတွင်းမှ ခန့်မှန်းတောင်သူ(၂၇)ဦး၏ ခန့်မှန်း လယ်‌ယာမြေ(၄၆)ဧကခန့် ပါရှိမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းအား ဘတ်ဂျက်ရရှိမှုအပေါ်မူတည်၍ အမြန်ဆုံးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သောကြောင့် လမ်းဖောက်လုပ်ရာတွင်ပါရှိသွားသည့် လယ်ယာမြေများနှင့် သီးနှံများအတွက် မြေယာလျော်ကြေး သီးနှံလျော်ကြေးများကို တောင်သူများထံ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် နန်ချွန်ကျေးရွာအနီး Second World War Memory Park ပြုလုပ်မည့်နေရာအား သွားရောက်ကြည့်ရှုရာ ပဲခူးတိုင်းဒေသကြီးရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်များဦးစီးဌာန၊ ညွန်ကြားရေးမှူး ဦးညိုမြင့်ထွန်းနှင့် တောင်ငူခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးထက်တို့က လိုက်လံရှင်းလင်းပြသကြကြောင်း သတင်းရရှိသည်။