Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း ကျေးရွာချင်းဆက် ရေပြာစမ်းတံတားဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်

ဝန်ကြီးချုပ် ဦးဝင်းသိန်း ကျေးရွာချင်းဆက် ရေပြာစမ်းတံတားဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်

ဖေဖော်ဝါရီ ၂၅ (ပဲခူး)
___________________

7ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဖေဖော်ဝါရီလ(၂၅)ရက်နေ့ နံနက်(၇)နာရီအချိန်က ပဲခူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည့် လေးအိမ်စု-ဝက်လာကွင်း လမ်းပေါ်ရှိ ကျေးရွာချင်း ဆက်ရေပြာစမ်း သံကူကွန်ကရစ်တံတား ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ ကျေးရွာချင်းဆက် ရေပြာစမ်းသံကူကွန်ကရစ်တံတားနှင့် ပတ်သက်သည့် အချက်အလက်များအား ပဲခူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး ရေပြာစမ်းတောရ ဆရာတော်ဉူးပညာနန္ဒ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် လေးအိမ်စုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်တို့က တံတားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
အဆိုပါ ကျေးရွာချင်းဆက် ရေပြာစမ်းတံတားသည် လေးအိမ်စု-ဝက်လာကွင်းသွား လမ်းပေါ်တွင် (20’×14’×10′-6″) သံဘောင်ယက်မခံ သံကူကွန်ကရစ်တံတားအဖြစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်(၁၅)သန်းဖြင့် ပဲခူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ တည်ဆောက်ခဲ့သော တံတားဖြစ်ပြီး ယခုအခါ ရေပြာစမ်းတံတား ဖွင့်လှစ်လိုက်ပြီဖြစ်သောကြောင့် လေးအိမ်စု၊ ဝက်လာကွင်း၊ ရေပြာစမ်း၊ သက်ကယ်မြှောင်စသည့် ကျေးရွာနေပြည်သူများ လမ်းပန်းဆက်သွယ် သွားလာရေး ပိုမိုအဆင်ပြေစွာ သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေပြာစမ်းတောရကျောင်းတွင် တည်ထားကိုးကွယ်ထားရှိသော ဆုတောင်းပြည့် ဇမ္ဗူသိဒ္ဓိစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမျှော် ကန်တော့ကြပြီး ရေပြာစမ်းတောရကျောင်း ဆရာတော်အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည့်အပြင် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်များကို ဖြည့်ဆည်းပေးနိုင်ရေး ပြည်သူများနှင့် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။