Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း ပြည်ခရိုင် သဲကုန်းမြို့နယ် မြေယာတိုင်ကြားမှု့များနှင့် ပေါင်းတည်မြို့နယ် ကြွယ်လုလင်‌လေးကျေးရွာ လျှပ်စစ်မီးလင်းရေးအတွက် ညှိနှိုင်းဆောင်ရွက်

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပြည်ခရိုင် သဲကုန်းမြို့နယ် မြေယာတိုင်ကြားမှု့များနှင့် ပေါင်းတည်မြို့နယ် ကြွယ်လုလင်‌လေးကျေးရွာ လျှပ်စစ်မီးလင်းရေးအတွက် ညှိနှိုင်းဆောင်ရွက်

ဇွန် ၂၇ (သဲကုန်း)
—————————–

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇွန်လ(၂၇)ရက်နေ့ နံနက်(၁၁)နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းထွန်းဦး၊ ပြည်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဉာဏ်ဇော်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ သဲကုန်းမြို့နယ်အတွင်း မြေယာတိုင်ကြားစာများနှင့် ပေါင်းတည်မြို့နယ် ကြွယ်လုလင်လေးကျေးရွာ လျှပ်စစ်မီးလင်းရေးအတွက် ကွင်းဆင်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သဲကုန်းမြို့နယ် ရွာသစ်ကျေးရွာအုပ်စု၊ ပွဲပြည့်မျိုးသန့်ခြံသို့ သွားရောက်ပြီး သိမ်းဆည်းခံတောင်သူ(၇၈)ဦးကိုယ်စား ဒေါ်ခင်စန်းနွဲ့မှ တင်ပြထားသည့် မူလလယ်သိမ်းခံတောင်သူများ ဆုံးရှုံးနစ်နာခဲ့ရမှု တင်ပြချက်နှင့် သဲကုန်းမြို့နယ် လယ်ယာမြေစီမံခန့်မှုအဖွဲ့၏ ရင်းတိုက်မှော်ကျေးရွာအုပ်စု၊ မအူပင်ကွေ့ကျေးရွာ လယ်ယာမြေများအား လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ(၇)မရရှိသေးသည့် ကိစ္စနှင့်ပတ်သပ်၍ စိစစ်တင်ပြမှုအပေါ်  ကြည့်ရှုစစ်ဆေးပြီး ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညနေပိုင်းအချိန်တွင် ပေါင်းတည်မြို့သို့သွားရောက်ပြီး ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဘုရားငါးဆူကျေးရွာအုပ်စု၊ ကြွယ်လုလင်လေးကျေးရွာ လျှပ်စစ်မီးလင်းရေးကိစ္စနှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး(အနောက်) လျှပ်စစ်အင်ဂျင်နီယာ ဦးဝင်းဗိုလ်မှ ကြွယ်လုလင်လေးကျေးရွာ လျှပ်စစ်မီးလင်းရေး ဆောင်ရွက်မည့်အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဒေသခံပြည်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ်  သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကြွယ်လုလင်လေးကျေးရွာ လျှပ်စစ်မီးလင်းရေးအတွက် NEP စီမံကိန်းဖြင့်‌ ဆောင်ရွက်ထားရှိသော မှန်တန်းကျေးရွာမှ ကြွယ်လုလင်‌
လေးကျေးရွာအရောက် အရှည်ပေ(၄၉၂၀)ပေရှိ 11KVဓာတ်အားလိုင်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ငွေဖြင့်‌ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။