Home / ကြို့ပင်ကောက်မြို့နယ် / ဝန်ကြီးချုပ် ဦးဝင်းသိန်း ကြို့ပင်ကောက်မြို့ ဣန္ဒကာရ Quarantine စခန်းတွင် Quarantineဝင်နေသူများ ကြည့်ရှုအားပေးပြီး COVID_19 ကာကွယ်ရေး အထောက်အပံ့ပစ္စည်းများပေးအပ်

ဝန်ကြီးချုပ် ဦးဝင်းသိန်း ကြို့ပင်ကောက်မြို့ ဣန္ဒကာရ Quarantine စခန်းတွင် Quarantineဝင်နေသူများ ကြည့်ရှုအားပေးပြီး COVID_19 ကာကွယ်ရေး အထောက်အပံ့ပစ္စည်းများပေးအပ်

ဇွန် ၂၈ (ကြို့ပင်ကောက်)
=================

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇွန်လ(၂၈)ရက်နေ့ နံနက်(၈)နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ လူဝင်မှုကြီးကြပ်‌ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းထွန်းဦး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ကြို့ပင်ကောက်မြို့ ဣန္ဒကာရ Quarantine စခန်းတွင် Quarantine ဝင်နေသူများအား ကြည့်ရှုအားပေးပြီး COVID_19‌ရောဂါ ကာကွယ် ကုသ ထိန်းချုပ်ရေးအတွက် အထောက်အပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြို့ပင်ကောက်မြို့ အနောက်ဘုရားကြီးတိုက်သစ်၊ ဣန္ဒကာရ Quarantine စခန်းတွင် Quarantine ဝင်နေသူများအား နှုတ်ဆက်အားပေးစကား ပြောကြားပြီး တာဝန်ရှိသူများထံ COVID-19ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် PPEဝတ်စုံ(၁၀)စုံနှင့် နှာခေါင်းစည်း(Mask) ၅၀ခုပါ (၆)ဘူးတို့အား ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ကြို့ပင်ကောက်မြို့ ယာယီအခွန်လွတ်ဈေး(၁)သို့ သွားရောက်ပြီး ဈေးအတွင်း မြေသားဖို့ရန်အတွက် ပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေနှင့် ဈေးတွင်း/ပြင် ရေစီးရေလာ ကောင်းမွန်စေရေး ရေနှုတ်မြောင်းများ စနစ်‌တကျတူးဖော်ဆောင်ရွက်ရန်အခြေအနေများကို ကြည့်ရှုပြီး လိုအပ်သည်များကိုလမ်းညွှန်မှာကြားကာ ရှားပင်ထကျေးရွာ တိုက်ကျောင်း မဟာစည်ရိပ်သာတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ပေးရန်ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ကြို့ပင်ကောက်မြို့ယာယီအခွန်လွတ်ဈေး(၁)အတွင်း မြေဖို့ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် ဝန်ကြီးချုပ်ဦးဝင်းသိန်းမှ လွှတ်တော်ကိုယ်စားလှယ်များထံ ထောက်ပံ့ငွေကျပ် သိန်း(၅၀)အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။