Home / ဇီးကုန်းမြို့နယ် / ဝန်ကြီးချုပ် ဦးဝင်းသိန်း ဇီးကုန်းမြို့နယ် လေးမျက်နှာကျေးရွာအုပ်စုတွင် တိုက်နယ်ဆေးရုံ တည်ဆောက်နိုင်ရေး မြေနေရာအား ကွင်းဆင်းကြည့်ရှု

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဇီးကုန်းမြို့နယ် လေးမျက်နှာကျေးရွာအုပ်စုတွင် တိုက်နယ်ဆေးရုံ တည်ဆောက်နိုင်ရေး မြေနေရာအား ကွင်းဆင်းကြည့်ရှု

ဇွန် ၂၈ (ဇီးကုန်း)
———————

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇွန်လ(၂၈)ရက်နေ့  နံနက်(၉)နာရီအချိန်က အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ဇီးကုန်းမြို့နယ် လေးမျက်နှာကျေးရွာအုပ်စုတွင် တိုက်နယ်ဆေးရုံတည်ဆောက်နိုင်ရေးအတွက် မြေနေရာအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုက်နယ်ဆေးရုံ တည်ဆောက်နိုင်ရေးအတွက် ဒေသခံပြည်သူများမှ မြေနေရာသတ်မှတ်ရာထားသည့် ဇရပ်လှကျေးရွာအုပ်စု၊ ကျေးနားကျေးရွာရှိ မြေနေရာ(၁)ခု၊ လေးမျက်နှာကျေးရွာအုပ်စု၊ လေးမျက်နှာကျေးရွာရှိ မြေနေရာ(၂)ခုတို့အား ကွင်းဆင်းကြည့်ရှုရာ ပဲခူးတိုင်းဒေသကြီး ပြည့်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာမေသူဇော်နှင့် ဇီးကုန်းမြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာဇော်နိုင်ဦးတို့က တိုက်နယ်ဆေးရုံဆောက်လုပ်ရန်အတွက် လိုအပ်သည့် မြေအနေအထားနှင့် တည်ဆောက်မည့်ပုံစံတို့အား ရှင်းလင်းပြောကြားသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စပါယ်မြှောင်ကျေးရွာအုပ်စု၊ တောင်ရေကန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် တိုက်နယ်ဆေးရုံတည်ဆောက်ရန် မြေနေရာရွေးချယ်လျာထားမှုကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ၊ မြေယာတိုင်ကြားစာကိစ္စရပ်များနှင့် ပတ်သက်၍ ဒေသခံများနှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့ကြောင်း သတင်းရရှိသည်။