Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း ပညာရေးနှင့် ကျန်းမာရေးဌာနများသို့ စက်ဘီးထောက်ပံ့လှူဒါန်းခြင်းအခမ်းအနား တက်ရောက်

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပညာရေးနှင့် ကျန်းမာရေးဌာနများသို့ စက်ဘီးထောက်ပံ့လှူဒါန်းခြင်းအခမ်းအနား တက်ရောက်

သြဂုတ် ၁ (ရေတာရှည်)
===========================

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဩဂုတ်လ(၁)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ရေတာရှည်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်သည့် ပညာရေးနှင့် ကျန်းမာရေးဌာနတို့အတွက် စက်ဘီးထောက်ပံ့လှူဒါန်းခြင်း အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့်အတူ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းမှ အမှာစကားပြောကြားပြီး Lesswalk Organizationsမှ ရေတာရှည်မြို့နယ် အမှတ်(၂)မဲဆန္ဒနယ်‌မြေ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသိန်းထံ လှူဒါန်းပေးသည့် စက်ဘီးများကို ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် Lesswalk Organizationsမှ တာဝန်ရှိသူများက ရေတာရှည်မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ အသုံးပြုနိုင်ရန်အတွက် စက်ဘီး(၂၅၀)စီးနှင့် ကျန်းမာရေးဌာနမှ သူနာပြုဆရာ/မများ အသုံးပြုနိုင်ရန်အတွက် စက်ဘီး(၁၀၀)စီး စုစုပေါင်း စက်ဘီးအစီးရေ(၃၅၀)စီးတို့အား ပေးအပ်လှူဒါန်းကြကြောင်း သိရသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေတာရှည်မြို့ အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း နှစ်ထပ်ကျောင်းဆောင်ဆောက်လုပ်နေမှုအား ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ရေတာရှည်မြို့ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံအတွက် အောက်ဆီဂျင်ဗူး(၂)ဗူးနှင့် COVID-19ကာကွယ်ရေး လက်သန့်ဆေးများ၊ နှာခေါင်းစည်းများကိုလည်းကောင်း၊ ညောင်လေးပင်မြို့၊ မြို့မအမှတ်(၂)ရပ်ကွက် ကော်မရှင်ရုံးတွင် မဲဆန္ဒရှင်အမည်စာရင်း ကပ်ထား‌ကြေငြာထားမှု့အား ကြည့်ရှုပြီး COVID-19ကာကွယ်ရေးအတွက် ကော်မရှင်အဖွဲ့ထံ နှာခေါင်းစည်းများ  ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။