Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း ရေတာရှည်မြို့နယ်မှ မြေယာပြဿနာများဖြေရှင်း၊ ပညာရည်ချွန်ဆုပေးပြီး တံတားများအားကြည့်ရှုစစ်ဆေး

ဝန်ကြီးချုပ် ဦးဝင်းသိန်း ရေတာရှည်မြို့နယ်မှ မြေယာပြဿနာများဖြေရှင်း၊ ပညာရည်ချွန်ဆုပေးပြီး တံတားများအားကြည့်ရှုစစ်ဆေး

စက်တင်ဘာ ၁၉ (ရေတာရှည်)
—————————-

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း စက်တင်ဘာလ(၁၉)ရက်နေ့ နံနက်ပိုင်းအချိန်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရေတာရှည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးရုံး အစည်းအဝေးခန်းမတွင် မြေယာပြဿနာများဖြေရှင်း‌ပေးခြင်းနှင့် ပညာရည်ချွန်ဆုပေးခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ရေတာရှည်မြို့နယ် ပိတောက်စမ်းကျေးရွာအုပ်စုနှင့် ပီတူးကျေးရွာတို့မှ မြေယာတိုင်ကြားစာများနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်‌ဖြေရှင်းပေးခဲ့ပြီး မြောက်နန်ချွန်အခြေခံပညာအထက်တန်းကျောင်းမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် ချို့တဲ့ကျောင်းသားနှစ်ဦးအား စက်ဘီးထောက်ပံ့ပေးခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တောင်ငူခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးထက်၊ တောင်ငူ/ရေတာရှည် မြို့နယ်အုပ်ချုပ်‌‌ရေးမှူးများ၊ ဌာနဆိုင်ရာများနှင့်အတူ
ရေတာရှည်မြို့နယ်နှင့် တောင်ငူမြို့နယ်သို့ ဆက်သွယ်သည့် ကျွဲရိုင်းပြင်- ကရင်ချောင်းတံတား ချဉ်းကပ်လမ်းမကြီးပေါ်သို့ တက်ရောက်ဖြတ်သန်းနိုင်မည့် ကျေးရွာလမ်းများ အဆင့်မြင့်တင်ဖောက်လုပ် ဆောင်ရွက်မှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားကာ တံတားအနီးဝန်းကျင်တွင်လည်း BIO Park လုပ်ငန်းစဥ်များ ဖော်ဆောင်နိုင်ရေးအတွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။