Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ကော်မတီအဖွဲ့အား အထောက်အပံ့ပစ္စည်းများပေးအပ်၊ ဖိုးဦးတောင်စေတီတော် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သွားရောက်ကြည့်ရှု

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ကော်မတီအဖွဲ့အား အထောက်အပံ့ပစ္စည်းများပေးအပ်၊ ဖိုးဦးတောင်စေတီတော် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သွားရောက်ကြည့်ရှု

အောက်တိုဘာ ၂၄ (ပန်းတောင်း)
————————–

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အောက်တိုဘာလ (၂၄)ရက်နေ့ နံနက်(၉)နာရီအချိန်က လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်၊ ပြည်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဉာဏ်ဇော်၊ ပန်းတောင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်များနှင့်အတူ ပန်းတောင်းပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြီး COVID-19 အတည်ပြုလူနာများ ထားရှိကုသပေးမှုအခြေအနေအား ကြည့်ရှု့စစ်ဆေးကာ မြို့နယ်ကိုဗစ်-၁၉ ကော်မတီထံသို့ ကျန်းမာရေး အထောက်အပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖိုးဦးတောင်စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမျှော်ပြီး ဖိုးဦးတောင်စေတီတော်မြတ်ကြီး ဘက်စုံဖွံ့ဖြိုးရေးအတွက် လမ်းနှင့် လျှပ်စစ်မီးဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ဆက်လက်လုပ်ဆောင်ရန် ကျန်ရှိနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနဆိုင်ရာများအား လမ်းညွှန်မှာကြားပြီး ဖြည့်ဆည်းပေးရန် လိုအပ်ချက်များအား ဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိသည်။