Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း နိုင်ငံတော်သံဃမဟာနာယအဖွဲ့ (ဒု-ဥက္ကဌ ငြိမ်း) ဘဒ္ဒန္တဩဘာသ ဆရာတော်ကြီး၏ ရုပ်ကလပ်တော်အားဖူးမျှော်ကြည်ညို

ဝန်ကြီးချုပ် ဦးဝင်းသိန်း နိုင်ငံတော်သံဃမဟာနာယအဖွဲ့ (ဒု-ဥက္ကဌ ငြိမ်း) ဘဒ္ဒန္တဩဘာသ ဆရာတော်ကြီး၏ ရုပ်ကလပ်တော်အားဖူးမျှော်ကြည်ညို

နိုဝင်ဘာ ၁၉ (ရေတာရှည်)
———————————-

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် နိုဝင်ဘာလ(၁၉)ရက်နေ့ မွန်းလွဲ(၃)နာရီအချိန်က ဘဝနတ်ထံပျံလွန်တော်မူသွားသည့် သက်တော်(၈၈)နှစ်၊ သိက္ခာတော်(၆၈)ဝါရှိ ရေတာရှည်မြို့နယ် ချုံအင်းကျေးရွာ သီရိမင်္ဂလာစာသင်တိုက်၊ ပဓာနနာယက အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇော်တိက၊ နိုင်ငံတော်သံဃမဟာနာယအဖွဲ့ (ဒု-ဥက္ကဌ ငြိမ်း) ဘဒ္ဒန္တဩဘာသဆရာတော်ကြီး၏ ရုပ်ကလပ်တော်အား သွားရောက်ဖူးမျှော်ကြည်ညိုပြီး ဈာပနကျင်းပရေးကော်မတီအဖွဲ့ထံ အလှူငွေများလှူဒါန်းပေးခြင်း၊ ဆရာတော်သံဃာတော်များအား နဝကမ္မအလှူငွေများ လှူဒါန်းပေးခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထို့နောက် ဝန်ကြီးချုပ်ဦးဝင်းသိန်းသည် ရေတာရှည်မြို့နယ် ပိန်းအင်းကျေးရွာသို့သွားရောက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သောက်သုံးရေရရှိရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုကို ကြည့်ရှု့စစ်ဆေးပြီး လျှပ်စစ်မီးလင်းရေးအတွက် ဒေသခံများ၊ ဌာနတာဝန်ရှိသူများနှင့်တွေ့ဆုံကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင် ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။