Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း အုတ်ဖိုမြို့နယ် တက်ဆွဲအုပ်စု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံများနှင့်တွေ့ဆုံ

ဝန်ကြီးချုပ် ဦးဝင်းသိန်း အုတ်ဖိုမြို့နယ် တက်ဆွဲအုပ်စု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံများနှင့်တွေ့ဆုံ

ဇန်နဝါရီ ၁၀ (အုတ်ဖို)
——————————–

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ(၁၀)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်ခန့်က လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် အုတ်ဖိုမြို့နယ်၊ တက်ဆွဲကျေးရွာ နန္ဒာသီရိဘုန်းတော်ကြီးကျောင်း၌ တက်ဆွဲကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးသည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိမိတို့အစိုးရအနေဖြင့် Covid-19 ကာလအတွင်းဖြစ်နေသော်လည်း ဒေသခံပြည်သူများ၏ အခက်အခဲများ၊ မြို့နယ်အလိုက် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ သွားရောက်ကြည့်ရှု ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုလည်း အထူးသဖြင့် ကျေးလက်ဒေသများ၏ လမ်း၊ တံတား၊ လျှပ်စစ်မီးများ လိုအပ်ချက်များကို ကွင်းဆင်းကြည့်ရှု၍ ဘဏ္ဍာနှစ်အလိုက် ကောင်အထည်ဖော် ဆောင်ရွက်ပေးရန် လာရောက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ တင်ပြခဲ့ကြရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။