Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း အုတ်ဖိုမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှု ကျန်းမာရေး အထောက်အကူပြုပစ္စည်းများလှူဒါန်း

ဝန်ကြီးချုပ် ဦးဝင်းသိန်း အုတ်ဖိုမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှု ကျန်းမာရေး အထောက်အကူပြုပစ္စည်းများလှူဒါန်း

ဇန်နဝါရီ ၁၀ (အုတ်ဖို)
————————

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ(၁၀)ရက်နေ့ မွန်းလွဲ(၃)နာရီအချိန်က လွှတ်တော်ကိုယ်စားလှယ်များ၊ သာယာဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုး‌ရွှေအောင်၊ အုတ်ဖိုမြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌ကျော်ဇင်ဦးတို့နှင့်အတူ အုတ်ဖိုမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှု ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်းခဲ့သည်။
ဝန်ကြီးချုပ်နှင့်အဖွဲ့အား အုတ်ဖိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇော်မောင်က ဆေးရုံကြီးတွင် COVID-19 ရောဂါ လူနာများ တက်ရောက်ကုသပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ကုသရေးအပိုင်း၊ လူနာများထားရှိမှု အပိုင်းများနှင့်ပတ်ငက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် လွှတ်တော်ကိုယ်စားလှယ်များက အုတ်ဖိုမြို့နယ် ပြည်သူ့ဆေးရုံကြီးအတွက် ကျန်းမာရေး အထောက်အကူပစ္စည်းများဖြစ်သည့် PPE ဝတ်စုံများ၊ လက်သန့်ဆေးရည်ဗူးများ၊ နှာခေါင်းစည်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန့်ဇော်မောင်ထံသို့လည်းကောင်း၊ မြို့နယ်‌COVD ကော်မတီအတွက် ထောက်ပံ့ငွေ(၅)သိန်းကျပ်ကို မြို့နယ်‌COVD ကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးထံသို့လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အုတ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးနှင့် မြို့နယ်အထွေထွေရွေးကောက်ပွဲ ကော်မရှင်ရုံး ဆောက်လုပ်ထားရှိရေးအတွက် လျာထားသည့်မြေနေရာအား သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။