Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း တောင်နဝင်းဆည် ပင်မတမံသို့ သွားရောက်ကြည့်ရှုစစ်ဆေး

ဝန်ကြီးချုပ် ဦးဝင်းသိန်း တောင်နဝင်းဆည် ပင်မတမံသို့ သွားရောက်ကြည့်ရှုစစ်ဆေး

ဖေဖော်ဝါရီ ၁၇ (ပေါက်ခေါင်း)
===================

ဖေဖော်ဝါရီလ (၁၇)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပေါက်ခေါင်းမြို့နယ်၊ တောင်နဝင်းဆည် ပင်မတမံ အက်ကြောင်းများ ဖြစ်ပေါ်နေမှုအား ထပ်မံသွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ တောင်နဝင်းဆည်၊ ရှင်းလင်းဆောင်၌ ပေါက်ခေါင်းမြို့နယ် အုပ်ချုပ်ရေးမှူးက တောင်နဝင်းဆည်တမံ အက်ကြောင်းများ ဖြစ်ပေါ်နေမှုနှင့်ပတ်သက်၍ ဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ထားမှုအခြေအနေများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အစည်းအဝေးတွင် ဆည်နှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတနှင့် ဖြင့် အသေးစိတ် ရှင်းလင်းတင်ခဲ့သည်။ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အစည်းအဝေးတွင် ဆည်နှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတနှင့် သဘာဝဘေးကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မ(၂)ထံ ပြည်ထောင်စု အဆင့် ကော်မတီတစ်ရပ် ဖွဲ့စည်းပြီး ကြီးကြပ်ဆောင်ရွက်ပေးနိုင်ရန် တင်ပြထားခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိဆည်တမံ၌ တစ်ရက်နေထုတ်ပမာဏပေါ်မူတည်ပြီး မိုးရာသီမရောက်မီ စီးဝင်ရေပမာဏ၊ မိုးရေချိန်လက်မနှင့် တွက်ချက်၍ ကြိုတင်ပြင်ဆင်စရာရှိသည်များ ဆောင်ရွက်ထားရန်၊ သဘာဝဘေးနှင့်ပတ်သက်၍ ရေတို၊ ရေရှည်စီမံချက်များ ရေးဆွဲရန်၊ သဘာဝဘေးနှင့်ပတ်သက်၍ ဖွဲ့စည်းထားသည့် ကော်မတီတီအသီးသီးမှ ဆင့်ကဲဆင့်ကဲ ဆောင်ရွက်ရန်ရမည့် လုပ်ငန်းစဉ်များ ကြိုတင်ပြဆင်မှုများ ထားရှိရန်၊ သတင်းမီဒီယာများသို့လည်း ဖြစ်စဉ်အခြေအနေမှန်များ ချပြအသိပေးရန်၊ ပြည်သူများကိုလည်း သဘာဝဘေးဖြစ်ပါက မည်သို့ဆောင်ရွက်ရမည်ကို ရှင်းလင်းသရုပ်ပြခြင်း၊ အုပ်ချုပ်ရေးအဖွဲ့အစည်း အဆင့်ဆင့်မှလည်း အောက်ခြေရပ်ကျေးအဆင့်ထိ ဆွေးနွေးချပြရန်၊ သတင်းများချပြရာတွင် စေတနာ သတင်းအမှားများ မဖြစ်ရန်လိုအပ်ကြောင်း၊ နာလည်မှုလွဲမည့် သတင်းများ မဖြစ်စေရန်နှင့် နေ့စဉ်ဖြစ်ပေါ်နေသည့် အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ အသိပေးနိုင်ရေး စီစဉ်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဆည်မြောင်းဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများတို့သည် တောင်နဝင်းဆည် ပင်မတမံ အက်ကြောင်းများဖြစ်မှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပေါက်ခေါင်းမြို့နယ်၊ ရပ်သစ်ကျေးရွာ၌ ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံပွဲပြုလုပ်ရာ ပြည်သူများက တောင်နဝင်းဆည်တမံနှင့်ပတ်သက်၍ သိလိုသည်များ မေးမြန်းရာ၊ ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သတင်းရရှိသည်။