Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း အုတ်ဖိုမြို့နယ်၊ ချင်းစုကျေးရွာ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ဝန်ကြီးချုပ် ဦးဝင်းသိန်း အုတ်ဖိုမြို့နယ်၊ ချင်းစုကျေးရွာ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

မေ ၂၆ (အုတ်ဖို)
==========================

မေလ (၂၆)ရက်နေ့၊ မွန်းလွဲ(၂:၄၅)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အုတ်ဖိုမြို့နယ်၊ အောက်ကိုင်ကျေးရွာအုပ်စု၊ ချင်းစုကျေးရွာ၊ အောင်သုခဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဒေသခံလူထုတွေ့ဆုံပွဲမှတစ်ဆင့် ပြည်သူများကြုံတွေ့နေရသည့် အခက်အခဲများအား ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း အဖြေရှာပေးနိုင်ရန် လာရောက်ရခြင်းဖြစ်ကြောင်း၊ မည်သည့်ကိစ္စရပ်မဆို ပေါင်းစပ်ညှိနှိုင်း အဖြေရှာခြင်းသည် စစ်မှန်သော ဒီမိုကရေစီ အလေ့အကျင့်ကောင်းတစ်ခုဖြစ်ကြောင်း၊ ပြည်သူများအကြား ဒီမိုကရေစီ အလေ့အကျင့်ကောင်းများ ကျင့်သုံးမှာသာ မေတ္တာတရားကို အခြေခံပြီး လောကပါလတရားနှင့်အညီ ပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီသည် လူသားတစ်ဦးချင်းစီသော တန်ဖိုးထားသော လူသားဝါဒကို အခြေခံသော ကိုယ်ချင်းစာတရားနှင့်ပြည့်စုံသော သဘောသဘာဝများ ပါဝင်လျက်ရှိကြောင်းနှင့် တိုင်းပြည်ပြုပြင်ပြောင်းလဲရေးကာလတွင် စိတ်ပိုင်းဆိုင်ရာများ ပြုပြင်ပြောင်းလဲရေးသည် အလွန်အရေးကြီးသော ကိစ္စရပ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက ကဝေစု−အညာတန်း−ဖလံပင်−ဆင်ကူးမြေသားလမ်း အဆင့်မြှင့်တင်ပေးရန်၊ လွှစင်ကျေးရွာမြောက်ဘက်ကမ်း ကမ်းပါးပြိုကျမှု ကာကွယ်ပေးရန်၊ သူခိုးလမ်းသစ်တောကြိုးဝိုင်းအတွင်း၌ လယ်ယာလုပ်ကိုင်နေမှုကြောင့် သစ်တောမြေပယ်ဖျက်၍ ပုံစံ(၇)ထုတ်ပေးရန်၊ ကိုင်းကြီးတောင် ဘုန်းတော်ကြီးကျောင်းသွားလမ်းပေါ်ရှိ ချောင်းကူးတံတား ဆောက်လုပ်ပေးရန်၊ အမက(ကိုင်းကြီး)အား ပြင်ဆင်စရိတ်ချထားပေးရန်၊ သရက်တောကျေးရွာ ဂမုန်းချောင်းတံတား တည်ဆောက်ပေးရန်၊ ဥုံစံ(၇)ထုတ်ပေးရန်၊ ကိုင်းကြီးတောင် ဘုန်းတော်ကြီးကျောင်းသွားလမ်းပေါ်ရှိ ချောင်းကူးတံတား ဆောက်လုပ်ပေးရန်၊ အမက(ကိုင်းကြီး)အား ပြင်ဆင်စရိတ်ချထားပေးရန်၊ သရက်တောကျေးရွာ ဂမုန်းချောင်းတံတား တည်ဆောက်ပေးရန်၊ ပုံစံ(၇)ထုတ်ပေးရန်၊ ကိုင်းကြီးတောင် ဘုန်းတော်ကြီးကျောင်းသွားလမ်းပေါ်ရှိ ချောင်းကူးတံတား ဆောက်လုပ်ပေးရန်၊ အမက(ကိုင်းကြီး)အား ပြင်ဆင်စရိတ်ချထားပေးရန်၊ သရက်တောကျေးရွာ ဂမုန်းချောင်းတံတား တည်ဆောက်ပေးရန်၊ ကွင်းကျယ်−ကိုင်းကလေးလမ်းအား ဂဝံလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန်၊ ဂမုန်းဆည်ရေမြောင်းမှ စိုက်ပျိုးရေ၊ သုံးသောက်ရေ မရရှိသဖြင့် ပြန်လည်ဖျက်သိမ်းပေးရန်၊ အောင်ချမ်းသာရေတံခါးပြုလုပ်ထားခြင်းအား ပြန်လည်စိစစ်ပေးရန်၊ ကွေ့ချောင်းလေးကျေးရွာနှင့် သရက်တောကျေးရွာချင်းလမ်းပေါ်ရှိ ရိုးချောင်းကူးတံတား တည်ဆောက်ပေးရန်၊ လူထုဗဟိုပြုစီမံကိန်းများအား အုတ်ဖိုမြို့နယ်သို့ ချထားပေးရန်၊ အိုးသည်ကုန်းမြို့အဝင်လမ်းအား လမ်းဦးစီးဌာနသို့ ပြန်လည်လွှဲပြောင်းပေးရန်စသည်တို့  တင်ပြခဲ့ရာ ဝန်ကြီးချုပ်က ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ် ဖြေရှင်းပေးခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် မေလ (၂၀)ရက်နှင့် (၂၁)ရက်များတွင် လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် အမိုးလန်(၃၇)အိမ်၊ ပြိုလဲနေအိမ်(၉)အိမ်၊ လေဘေးသင့်ပြည်သူ (၃၄)ဦးတို့အတွက် ထောက်ပံ့ငွေ(၂၂၀၈၉၀ဝိ/−)အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး / ခရိုင် / မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ စုစုပေါင်း(၃၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။