Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း သနပ်ပင်မြို့၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ဝန်ကြီးချုပ် ဦးဝင်းသိန်း သနပ်ပင်မြို့၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ဇွန် ၂၉ (သနပ်ပင်)
================

ဇွန်လ (၂၉)ရက်နေ့၊ မွန်းလွဲပိုင်းက သနပ်ပင်မြို့၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ တန်ကြီးချုပ် ဦးဝင်းသိန်းသည် သနပ်ပင်မြို့ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။
ရှေးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် သယံဇာတသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာ စောညိုဝင်းတို့က လူနေမှုဘဝများ မြှင့်မားနိုင်ရေးအတွက် ဒီမိုကရေစီ အခြေခံကောင်းများ ထွန်းကားစေရန်နှင့် အစိုးရ၊ ပြည်သူ၊ ဌာနဆိုင်ရာ ပူးပေါင်း၍ အင်အားတစ်ရပ်ကို ဖန်တီးကာ ဒီမိုကရေစီဖက်ဒယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာနိုင်ရေး တွန်းအားပေး ဆောင်ရွက်ကြရန် အမှာစကား အသီးသီးပြောကြားခဲ့သည်။
ထို့နောက် တက်ရောလာသည့် ဒေသခံပြည်သူများက မြို့တွင်းလမ်း/တံတားများ အဆင့်မြှင့်တင်ပေးရန်၊ ရေကြီးနစ်မြှုပ်သည့် ရပ်ကွက်များအား ရေကြီးနစ်မြှုပ်မှု ကာကွယ်ရေးအစီအမံများ ကြိုတင်ဆောင်ရွက်ပေးထားရန်၊ မြေယာကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍနှင့် အခြားဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ တင်ပြခဲ့ရာ၊ ဝန်ကြီးချုပ်နှင့် ဝန်ကြီး ဒေါက်တာစောညိုဝင်းတို့က လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ဝန်ကြီး ဒေါက်တာ စောညိုဝင်း၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့ပေါ်(၆)ရပ်ကွက်မှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။