Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း သိုင်းဝကျေးရွာ ကျေးလက်မီးလင်းရေးဖွင့်သို့ တက်ရောက်ဖွင့်လှစ်

ဝန်ကြီးချုပ် ဦးဝင်းသိန်း သိုင်းဝကျေးရွာ ကျေးလက်မီးလင်းရေးဖွင့်သို့ တက်ရောက်ဖွင့်လှစ်

စက်တင်ဘာ ၂၈ (ရေတာရှည်)
===================

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် စက်တင်ဘာလ(၂၈)ရက်နေ့ နံနက်(၉)နာရီအချိန်က ရေတာရှည်မြို့နယ် သိုင်းဝကျေးရွာအုပ်စု၊ သိုင်းဝကျေးရွာ ကျေးလက်မီးလင်းရေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မိုးနိုင်တို့က အမှာစကားပြောကြားပြီး သိုင်းဝကျေးရွာ ကျေးလက်မီးလင်းရေးအတွက် ဝန်ကြီးချုပ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မိုးနိုင်၊ မြို့နယ်အလုပ်အမှုဆောင် ဥက္ကဋ္ဌ ဦးဝင်းကိုနှင့် ပဲခူးတိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ကျော်ဟိန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများနှင့်အတူ သိုင်းဝကျေးရွာ ငြိမ်းချမ်းရေးရိပ်မြိုင်ကျောင်းတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးအတွက် ပြည်သူများ၏ တင်ပြချက်များအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေတာရှည်မြို့နယ်၊ ကျွန်းတောစုကျေးရွာသစ်တွင် ဆောက်လုပ်ထားရှိသည့် စုပေါင်းရုံးအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။