Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်းထံသို့ အဆင့်မြင့် မြေသားလမ်းများ ဖောက်ဆောင်နိုင်ရေး Guangxi Wanmuju Energy Investment Co., Ltd မှ လာရောက်တွေ့ဆုံ

ဝန်ကြီးချုပ် ဦးဝင်းသိန်းထံသို့ အဆင့်မြင့် မြေသားလမ်းများ ဖောက်ဆောင်နိုင်ရေး Guangxi Wanmuju Energy Investment Co., Ltd မှ လာရောက်တွေ့ဆုံ

အောက်တိုဘာ ၃ (ပဲခူး)
====================

အောက်တိုဘာလ (၃)ရက်နေ့၊ မွန်းလွဲ(၃)နာရီအချိန်က အဆင့်မြင့်မြေသားလမ်းများ ဖောက်လုပ်နိုင်ရေး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့အခြေစိုက် Guangxi Wanmuju Energy Investment Co., Ltd မှ Director Mr. Henry Yap ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့က ပဲခူးတိုင်းဒေသကြီးအတွင်း အဆင့်မြင့်မြေသားလမ်းများ ဖောက်လုပ်နိုင်ရေး နည်းပညာ၊ လုပ်ငန်းဆောင်ရွက်ခဲ့မှု မှတ်တမ်းများအား ဝန်ကြီးချုပ် ဦးဝင်းသိန်းထံ လာရောက်ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက မြေသားလမ်း တစ်ခုချင်းစီအလိုက် (၁)မိုင် ကုန်ကျစရိတ် အသေးစိတ် တွက်ချက်တင်ပြရန်နှင့် အသုံးပြုသွားမည့် ဓာတုပစ္စည်းများအား နမူနာအဖြစ် ပေးပို့ပါရန် ပြောကြားခဲ့သည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စက်မှု၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်း၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ Guangxi Wanmuju Energy Investment Co., Ltd မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။