Home / တောင်ငူမြို့နယ် / ဝန်ကြီးချုပ် ဦးဝင်းသိန်း ရေးဘေးကယ်ဆယ်ရေးစခန်းနှင့် တံတားပြင်ဆင်နေမှုအား သွားရောက်ကြည့်ရှု

ဝန်ကြီးချုပ် ဦးဝင်းသိန်း ရေးဘေးကယ်ဆယ်ရေးစခန်းနှင့် တံတားပြင်ဆင်နေမှုအား သွားရောက်ကြည့်ရှု

စက်တင်ဘာ ၁(တောင်ငူ)
==================

စက်တင်ဘာလ(၁)ရက်နေ့၊ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တောင်ငူမြို့၊ အမှတ်(၂၀)ရပ်ကွက်၊ လောကုတ္တရာစေတီ၊ ဓမ္မာရုံ၌ ဖွင့်လှစ်ထားသည့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းသို့ သွားရောက်ပြီး ရေဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားခဲ့ပြီး၊ ထောက်ပံ့ငွေ၊ ရေသန့်၊ ဆန်နှင့် အခြားထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေတာရှည်မြို့နယ်၊ ဆွာချောင်းပေါ်ရှိ ဆွာမြို့ အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်း(ရေနီးကျေးရွာနှင့် သရက်တောကျေးရွာ) ဆက်သွယ်ထားသည့် ရေနီးကျေးရွာချင်းဆက်တံတား ပြင်ဆင်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေရှည်ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ဆွာမြို့အုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိခဲ့ရာ၊ ရေတာရှည်မြို့နယ် အုပ်ချုပ်ရေးမှူးက ဆွာချောင်းရေလှောင်တမံနှင့်ပတ်သက်၍ ရေဘေးသင့်ခံခဲ့ရသည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ၊ ဝန်ကြီးချုပ်က ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ချက်များအား လမ်းညွှန်မှာ ကြားခဲ့သည်။