Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်ခဲ့သောနေရာသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ကြည့်ရှုကာ လိုအပ်သည်များ မှာကြားဆောင်ရွက်ပေး

သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်ခဲ့သောနေရာသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ကြည့်ရှုကာ လိုအပ်သည်များ မှာကြားဆောင်ရွက်ပေး

ပြည် ဇန်နဝါရီ ၂၄

===============

ဇန်နဝါရီလ(၂၄)ရက်နေ ညနေ(၅:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တာဝန်ရှိသူများသည် ပြည်မြို့နယ် သစ်ချီတင်အုပ်စု သစ်ချီတင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း အရှေ့ဘက်၌ နဝင်းချောင်းရေ တိုက်စားမှုကြောင့် မြေကျွံ၊ မြေပြိုမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါမြေပြိုမှုသည် လွန်ခဲ့သော (၂၀)ရက်ခန့်က ပေ(၃၀၀)ခန့်မှာ မြေပြိုကျမှုဖြစ်ပွါးခဲ့ရာ ကျေးရွာနေပြည်သူများက မြေပြိုမှုဆက်လက်မဖြစ်ပေါ်ရေး စိုးရိမ်လျှက်ရှိရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများအား မြေပြိုမှုများ ဆက်လက်မဖြစ်ပေါ်စေရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။