• သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်နှင့် မိုးညိုမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့် လယ်မြေများအတွက် မျိုးစပါး(၁၅၀၀)တင်းအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ထောက်ပံ့ပေးအပ်ခြင်း

  • မျိုးစပါးထောက်ပံ့ပေးအပ်မှုအပေါ် လယ်သမားများကိုယ်စား လယ်သမားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခြင်း

Home / နတ်တလင်းမြို့နယ် / သာယာဝတီခရိုင်အတွင်း မျိုးစပါး ထောက်ပံ့ပေးအပ်မှု

သာယာဝတီခရိုင်အတွင်း မျိုးစပါး ထောက်ပံ့ပေးအပ်မှု

သြဂုတ် ၂၈

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်၊ ညနေ(၄)နာရီအချိန်၌ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ရေကြည်ကျေးရွာအုပ်စုအတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့် လယ်မြေများအတွက် မျိုးစပါးများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ တက်ရောက်ခဲ့ပါသည်။

အဆိုပါအခမ်းအနား၌ နတ်တလင်းမြို့နယ်နှင့် မိုးညိုမြို့နယ်တို့အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့် လယ်မြေများအတွက် မျိုးစပါး(၁၅၀၀)တင်းအား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။