Home / ရေတာရှည်မြို့နယ် / အထူးသတိပေးချက် ထုတ်ပြန်ခြင်း

အထူးသတိပေးချက် ထုတ်ပြန်ခြင်း

သြဂုတ် ၂၉ (ပဲခူး)

========================

သြဂုတ်လ (၂၉)ရက်နေ့၊ နံနက် (၆)နာရီအချိန်ခန့်က တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့ရှိ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ(ယာဘက်ခြမ်း) ကျိုးပေါက်မှုဖြစ်ပွားခဲ့သည်။

အဆိုပါ ဆွာချောင်းရေလှောင်တမံ၏ ရေပိုလွှဲ(ယာဘက်ခြမ်း) ကျိုးပေါက်မှုဖြစ်စဉ်ကြောင့် စစ်တောင်းမြစ်ကမ်းဘေးရှိ ကျေးရွာများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန်နှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း အချိန်နှင့် တစ်ပြေးညီ သတင်း ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။

အထက်ပါ ဆွာချောင်းရေလှောင်တမံ၏ ရေပိုလွဲ(ယာဘက်ခြင်း) ကျိုးပေါက်မှု ပြန်လည်ပြင်ဆင်နိုင်ရန် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။