Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / အများပြည်သူ လမ်းမပေါ်သို့ ကျူးကျော်ခြံစည်းရိုးခတ်ထားမှု တိုင်းကြားစာအပေါ် ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ ကွင်းဆင်းကြည့်ရှု့စစ်ဆေး

အများပြည်သူ လမ်းမပေါ်သို့ ကျူးကျော်ခြံစည်းရိုးခတ်ထားမှု တိုင်းကြားစာအပေါ် ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ ကွင်းဆင်းကြည့်ရှု့စစ်ဆေး

ဇွန်လ ၂၆ (ရွှေတောင်)
———————

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇွန်လ(၂၆)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ရွှေတောင်မြို့နယ် နွားမယံကျေးရွာသို့ သွားရောက်ပြီး အများပြည်သူလမ်းမပေါ်သို့ ကျူးကျော်ခြံစည်းရိုးခတ်ထားမှု တိုင်းကြားစာအပေါ် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဥာဏ်‌ဇော်၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများနှင့်အတူ ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နွားမယံကျေးရွာ ရွာဦးကျောင်းဆရာတော်အား ဖူးမျှော်ကန်တော့ပြီး လှူဘွယ်ဝတ္ထုပစ္စည်းများနှင့် COVID_19ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်ဗူးတို့ကို လှူဒါန်းခဲ့သည်။
ထို့နောက် နွားမယံကျေးရွာအုပ်စု၊ လေးကျွန်းဆီမီးကျေးရွာနေ ဦးအောင်ဆန်းဦးပါ(၅)ဦးမှ အများပြည်သူပိုင် လမ်းမပေါ်သို့ ကျူးကျော်ခြံစည်းရိုးခတ်ထားမှု တိုင်ကြားစာနှင့်ပတ်သက်၍ ဒေသခံများနှင့်တွေ့ဆုံပြီး ဝန်ကြီးချုပ်မှ အမှာစကားပြောကြားခဲ့ကာ ရွှေတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးမှ တိုင်ကြားစာနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုအပေါ်
ဝန်ကြီးချုပ် ဦးဝင်းသိန်းက လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့်အတူ နွားမယံကျေးရွာအုပ်စု၊ လေးကျွန်းဆီမီးကျေးရွာနေ ဦးအောင်ဆန်းဦးပါ(၅)ဦးမှ အများပြည်သူပိုင် လမ်းမပေါ်သို့ ကျူးကျော်ခြံစည်းရိုးခတ်ထားမှု တိုင်ကြားစာနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနိုင်းရှင်းလင်း‌ ဖြေရှင်းပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အဖွဲ့သည် ရွှေတောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျီးသဲကျေးရွာအုပ်စု၊ ကျီးသဲလေးထပ်သာသနာ့မြေတွင် ပါဝင်သွားသည့် ဦးခင်လှပါ(၁၄)ဦး၏ ‌လယ်ယာမြေများအတွက် လျှော်ကြေးငွေပေးအပ်နိုင်ရေး ညှိနိုင်းဆောင်ရွက်ပေးခဲ့ပြီး ရွှေနတ်တောင်ဘုရားသို့ သွားရောက်ဖူးမျှော်ကာ ပန်း၊ ရေချမ်း၊ ဆီးမီး၊ အမွှေးနံ့သာများလှူဒါန်းခြင်း၊ ဂေါပကအဖွဲ့အား စေတီတော်ကြီး ဘက်စုံပိုမို ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ထွန်းလာစေရေးအတွက် လမ်းညွှန်မှာကြားခြင်း၊ ရွှေနတ်တောင်စေတီအနီးတွင် ဖက်ဆစ်တော်လှန်ရေးကာလ ဗိုလ်ချုပ်အောင်ဆန်း ခေတ္တနားခိုခဲ့သည့် ဦးရှင်+ဒေါ်ဧရှင်ဇရပ် ပြန်လည်ထိန်းသိမ်းပြုပြင်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခြင်း၊ ရွှေတောင်ဓာတ်အားပေးစက်ရုံတွင် Consortium of Myanmar Chemical and Machinery Company ltd and POSCO International Ltd.မှ တည်ဆောက်လျက်ရှိသော (၇၀)မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံတည်ဆောက်နေမှု အ‌ခြေအနေများအား သွားရောက်ကြည့်ရှုခြင်းများပြုလုပ်ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။