Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / အသေးစားအရင်းအနှီးချေးငွေ (Micro Capital Loans) ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

အသေးစားအရင်းအနှီးချေးငွေ (Micro Capital Loans) ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ဇန်နဝါရီ ၉ (ပဲခူး)
::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၉) ရက်နေ့ နံနက်(၈:၃၀) အချိန်ကပဲခူးမြို့နယ် သမဝါယမဦးစီးဌာန ရှင်စောပုခန်းမတွင် သမဝါမယ အသင်းသားများထံသို့ အသေးစားအရင်းအနှီးချေးငွေ (Micro Capital Loans) ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးဦးအောင်ဇော်နိုင် မှတက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး သမဦးစီးဌာန တိုင်းဒေသကြီးဦးစီး ဦးသူရိန်ချစ်ဆွေနှင့်တကွ မြို့နယ်အသီးသီးမှ သမအသင်းသားများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦ:စွာ ဝန်ကြီးက သမလုပ်ငန်းများနှင့်ပတ်သက်၍ တွေ့ဆုံပွဲများပြုလုပ်ရန် ဆောင်ရွက်ထားပါကြောင်း၊ နိုင်ငံသားများ၏ လိုအပ်ချက်သည် အရင်းအနှီးဖြစ်ပါကြောင်း ၊ သမဦးစီးဌာန၏ ရည်မှန်းချက်များအား အကောင်အထည် ဖော်ရန်လိုပါကြောင်း၊ စိုက်ပျိုးရေးနှင့်ပတ်သက်ဆက်နွယ် သည့်ချေးငွေးများ၊ အသေးစားရင်းနှီးမြှပ်နှံမှု အတွက်ပေးသည့် ချေးငွေများ အသီးသီးအား သေချာစွာသိရှိရန် လိုအပ်ပါကြောင်း၊ ဒေသခံများနှင့် တွေ့ဆုံပွဲများတွင် ချေးငွေနှင့် လမ်းတံတား ကိစ္စရပ်များအား အဓိက တောင်းဆိုကြပါကြောင်း၊ အချို့မှလည်း ချေးငွေယူရန် စဉ်းစားကြပါကြောင်း၊ ငွေ၏လည်ပတ်မှုအား ‌တစ်ချို့တောင်သူများမှ နားလည်ရန် ခက်ခဲပါကြောင်း၊ အသင်းသားများအား လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားရန် လိုအပ်ပါကြောင်း၊ အသင်းစုများ၏ လုပ်ငန်းများနှင်ပတ်သက်၍ အခြေခံလူတန်းစားများသို့ ထိရောက်မှန်ကန်စွာ ချေးငွေပေးအပ်နိုင်ရေး လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဝန်ကြီးက သမဝါယမ အသင်းသားများထံသို့ (၁၃)ကြိမ်မြောက်အဖြစ် ခရိုင်အလိုက် အသေးစားအရင်းအနှီးငွေ၊ Hire Purchase(HP)နှင့် မသန်စွမ်း သမအသင်းများအတွက် ချေးငွေစုစုပေါင်း ကျပ်သန်း (၈၉၂၅၈.၃၉၂) သန်းအား ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။