Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / အောက်တိုဘာလ(၁)ရက်နေ့ သတင်းထုတ်ပြန်ချက်

အောက်တိုဘာလ(၁)ရက်နေ့ သတင်းထုတ်ပြန်ချက်

အောက်တိုဘာ ၁ (ပဲခူး)
================

ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၁-၁၀-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၀၇)ခု၌ နိုင်ငံသား(၂၂၀၄)ဦးနှင့် သံသယလူနာ(၃၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၁၉၀)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၃၉)ခု၌ နိုင်ငံသား(၁၅၅၆)ဦး၊ သံသယလူနာ(၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၃၄)ဦး၍ ဆေးကုသမှုခံယူနေကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၃၁)ခု၌ နိုင်ငံသား(၇၇၄)ဦး၊ သံသယလူနာ(၃)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၂၃)ဦး၍ ဆေးကုသမှုခံယူနေကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၁၉၅)ခု၌ နိုင်ငံသား(၁၉၁၇)ဦးရှိပြီး သံသယလူနာ(၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၃၇)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၆၇၂)ခု၌ နိုင်ငံသား(၆၄၅၁)ဦးရှိပြီး သံသယလူနာ(၃၆)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၂၈၄)ဦး ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်းရရှိသည်။