Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / အောက်တိုဘာလ(၁၆)ရက်နေ့ သတင်းထုတ်ပြန်ချက်

အောက်တိုဘာလ(၁၆)ရက်နေ့ သတင်းထုတ်ပြန်ချက်

အောက်တိုဘာ ၁၆ (ပဲခူး)
================


ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၁၆-၁၀-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၃၉)ခု၌ နိုင်ငံသား(၂၉၇၂)ဦးနှင့် သံသယလူနာ(၆၉)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၃၅၃)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၃၀)ခု၌ နိုင်ငံသား(၁၈၀၃)ဦးရှိ၊ သံသယလူနာ(၂)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၅၁)ဦး၍ ဆေးကုသမှုခံယူနေကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၀၀)ခု၌ နိုင်ငံသား(၇၄၂)ဦး၊ ရောဂါပိုးတွေ့ရှိသူ(၇၀)ဦး၍ ဆေးကုသမှုခံယူနေကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၂၆)ခု၌ နိုင်ငံသား(၃၀၉၂)ဦးရှိပြီး သံသယလူနာ(၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၄၈)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၆၉၅)ခု၌ နိုင်ငံသား(၈၆၀၉)ဦးရှိပြီး သံသယလူနာ(၇၂)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၇၂၂)ဦး ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်းရရှိသည်။