Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / အောက်တိုဘာလ(၂၂)ရက်နေ့ သတင်းထုတ်ပြန်ချက်

အောက်တိုဘာလ(၂၂)ရက်နေ့ သတင်းထုတ်ပြန်ချက်

အောက်တိုဘာ ၂၂ (ပဲခူး)
=================


ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၂၂-၁၀-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၃၈)ခု၌ နိုင်ငံသား(၂၇၂၇)ဦးနှင့် သံသယလူနာ(၆၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၄၀၀)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၃၁)ခု၌ နိုင်ငံသား(၁၆၅၅)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ(၂၀၇)ဦး၍ ဆေးကုသမှုခံယူနေကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၁၀)ခု၌ နိုင်ငံသား(၈၁၈)ဦး၊ ရောဂါပိုးတွေ့ရှိသူ(၉၄)ဦး၍ ဆေးကုသမှုခံယူနေကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၂၂၆)ခု၌ နိုင်ငံသား(၂၉၆၀)ဦး၊ သံသယလူနာ(၂)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၂၉၉)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၇၀၅)ခု၌ နိုင်ငံသား(၈၁၆၀)ဦးရှိပြီး သံသယလူနာ(၆၉)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၀၀၀)ဦး ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်းရရှိသည်။