Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / အောက်တိုဘာလ(၂၄)ရက်နေ့ သတင်းထုတ်ပြန်ချက်

အောက်တိုဘာလ(၂၄)ရက်နေ့ သတင်းထုတ်ပြန်ချက်

အောက်တိုဘာ ၂၄ (ပဲခူး)
=================


ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၂၄-၁၀-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၃၃)ခု၌ နိုင်ငံသား(၂၄၉၉)ဦး၊ သံသယလူနာ(၆၇)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၄၅၄)ဦးရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၃၁)ခု၌ နိုင်ငံသား(၁၅၅၀)ဦး၊ သံသယလူနာ(၁)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၇၉)ဦး၍ ဆေးကုသမှုခံယူနေကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၀၆)ခု၌ နိုင်ငံသား(၇၇၃)ဦး၊ ရောဂါပိုးတွေ့ရှိသူ(၇၇)ဦး၍ ဆေးကုသမှုခံယူနေကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၁၇၇)ခု၌ နိုင်ငံသား(၂၇၅၂)ဦးပြီး ရောဂါပိုးတွေ့ရှိသူ(၅၁၀)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၆၄၇)ခု၌ နိုင်ငံသား(၇၅၇၄)ဦးရှိပြီး သံသယလူနာ(၆၈)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ(၁၂၂၀)ဦး ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်းရရှိသည်။