Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဧပြီလ(၁)ရက်နေ့ စာရင်းထုတ်ပြန်ချက်

ဧပြီလ(၁)ရက်နေ့ စာရင်းထုတ်ပြန်ချက်

ဧပြီ ၁ (ပဲခူး)

============

1-4-2020

ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၁-၄-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)အချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။
ပဲခူးခရိုင်အတွင်း Facility Quarantine (၂၁၃)ခုရှိ၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၃၅၆၁)ဦးအား ဝန်ထမ်းအင်အား (၁၁၈၉)ဦးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် (၂၀)ဦးအား  ဆေးကုသမှုခံယူနေကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၉၃)ခုရှိ၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၂၉၃၇)ဦးအား ဝန်ထမ်းအင်အား (၁၀၆၈)ဦးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် (၈)ဦးအား  ဆေးကုသမှုခံယူနေကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၀၇)ခုရှိ၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၆၄၆)ဦးအား ဝန်ထမ်းအင်အား (၆၄၆)ဦးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် ဆေးကုသမှုခံယူနေသူ မရှိပါကြောင်းနှင့် သာယာဝတီခရိုင်အတွင်း Facility Quarantine (၁၃၂)ခုရှိ၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၄၀၉)ဦးအား ဝန်ထမ်းအင်အား (၉၅၇)ဦးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် (၇)ဦးအား  ဆေးကုသမှုခံယူနေကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီးတစ်ခုလုံးအနေဖြင့် ဧပြီလ(၁)ရက်နေ့၊ (၁၂:၀၀)နာရီအထိ Facility Quarantine စုစုပေါင်း(၆၄၅)ခုရှိ၌ Facility Quarantine အတွင်း နေထိုင်သူ မြန်မာနိုင်ငံသားစုစုပေါင်း(၈၅၅၃)ဦးအား ဝန်ထမ်းအင်အား (၃၈၆၀)ဦးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် (၃၅)ဦးအား  ဆေးကုသမှုခံယူနေကြောင်း သတင်းရရှိသည်။