Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဧပြီလ (၈)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဧပြီလ (၈)ရက်နေ့ သတင်းထုတ်ပြန်ချက်

ဧပြီ ၈ (ပဲခူး)
=============
8-4
ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား (၈-၄-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၃၅၁)ခုရှိ၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၃၆၈၃)ဦးအား ကျန်းမာရေးစောင့်ကြည့်ပေးလျက်ရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် (၂)ဦးအား  ဆေးကုသမှုခံယူနေကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၂၂၃)ခုရှိ၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၂၆၂၁)ဦးရှိပြီး သံသယလူနာအဖြစ်(၁)ဦးအား ဆေးကုသမှုခံယူနေကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၂၂၅)ခုရှိ၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၆၆၆)ဦးရှိပြီး၊ သံသယလူနာ(၁)ဦးနှင့်  (COVID-19) Positive ရောဂါပိုးတွေ့ရှိသူ (၄)ဦးအနက် (၁)ဦးမှာ ယနေ့နံနက်ပိုင်းက သေးဆုံးသွားခဲ့ပြီး၊ ကျန်လူနာ(၃)ဦးအား ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံသို့ စနစ်တကျ လွှဲပြောင်းပေးပို့နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၁၃၆)ခုရှိ၌ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား(၁၃၇၇)ဦးအား ကျန်းမာရေးစောင့်ကြည့်ပေးလျက်ရှိပြီး ဆေးရုံတွင် သံသယလူနာအဖြစ် (၂)ဦးအား  ဆေးကုသမှုခံယူနေကြောင်း သိရှိရသည်။