Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

အောက်တိုဘာ ၂၃ (ပဲခူး)
====================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၂၃)ရက်နေ့၊ နံနက်(၁၀း၃၀)အချိန်က ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ သိရှိလိုက်နာ ဆောင်ရွက်ရမည့် Video မှတ်တမ်းအား ပြသခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက Facility Quarantine ပြုလုပ်ထားသည့် စာသင်ကျောင်းများနှင့် မဲရုံပြုလုပ်မည့် စာသင်ကျောင်းများ ထပ်နေ၍ ယာယီမဲရုံများ ဆောက်လုပ်ရာတွင် သတ်မှတ်ချိန်အမီ ပြီးစီးနိုင်ရေးလိုအပ်ကြောင်း၊ မဲဆန္ဒရှင်များ မှတ်ပုံတင်ထည့်ရန်အတွက် လည်ဆွဲကဒ်များအား အောက်တိုဘာလအကုန် နောက်ဆုံးထား၍ ဖြန့်ဝေပေးနိုင်ရေး ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ မဲရုံတာဝန်ကျသူများနှင့် မဲဆန္ဒရှင်များ လိုက်နာရမည့် စည်းကမ်းများကို ကြိုတင်အသိပေး ဆိုင်းဘုတ်များ စိုက်ထူအသိပေးရန်လိုအပ်ကြောင်း၊ Covid-19 ကာလဖြစ်၍ ကြိုတင်မဲများ လိုက်လံယူဆောင်ရာတွင် ကျန်းမာရေးညွှန်ကြားချက်များအတိုင်း ဝတ်ဆင်သွားရန် လိုအပ်ကြောင်းနှင့် ကမ္ဘာ့ကပ်ရောဂါ ကာလအတွင်း ၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးသည် တိုင်ပြည်၏ ကောင်းမွန်သော ပုံရိပ်တစ်ခုဖြစ်လာနိုင်မည်ဖြစ်၍ အားလုံးကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးခင်မောင်ဆန်းက မဲရုံတစ်ခုချင်းအလိုက် လိုအပ်ချက်များ၊ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ရောက်ရှိမှုနှင့် ခွဲဝေပေးမည့် အစီအစဉ်များ၊ ဝန်ထမ်းအင်အား ဖြည့်တင်ထားရှိမှုနှင့် စေတနာ့ဝန်ထမ်းများ၊ ရပ်မိ/ရပ်ဖများ ဖြည့်ဆည်းဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် အစိုးရပိုင်းမှ ကူညီဆောင်ရွက်ပေးရမည့် လိုအပ်ချက်များအား တင်ပြဆွေးနွေးပေးရန် ပြောကြားခဲ့ရာ၊ ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်နှင့် ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများတို့မှ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများအား တင်ပြဆွေးနွေ:ခဲ့ရာ၊ ဝန်ကြီးချုပ် ဦ:ဝင်းသိန်းက လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်ရှိသည့်အနက် ကျောက်ကြီးမြို့နယ်တွင် ကျေးရွာအုပ်စု(၁၂)ခု၊ ရွှေကျင်မြို့နယ်တွင် ကျေးရွာအုပ်စု(၃၀)ခုတို့တွင် ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အောက်တိုဘာလ(၁၆)ရက်နေ့တွင် ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။