Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ်အားကစားပြိုင်ပွဲ ဆုရရှိသူများအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဆုများချီးမြှင့်ပေး

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ်အားကစားပြိုင်ပွဲ ဆုရရှိသူများအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဆုများချီးမြှင့်ပေး

ပဲခူး ဇန်နဝါရီ ၄

===============

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပဲခူးမြို့တွင်၊ (၇၂)နှစ် မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ရာ ဇန်နဝါရီလ(၄)ရက်နေ့ နံနက်(၁၀)နာရီက ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမ၌ ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
အထိမ်းအမှတ်ပြိုင်ပွဲများတွင် ပိုက်ကျော်ခြင်း၊ ရိုးရာခြင်း၊ ပြေးပွဲပြိုင်ပွဲများ၊ အမျိုးသား ဖူဆယ်ဘောလုံး၊ စစ်တုရင်၊ တင်းနစ်၊ ကြက်တောင်၊‌ ခေါင်းအုံးရိုက်၊‌ လျှော်တိုင်တတ်၊ ထုပ်ဆီးထိုး၊ မီနီမာရသွန်၊ ဘိလိယက်စနူကာ ပြိုင်ပွဲများယှဉ်ပြိုင်ကျင်းပရာ ဆုရရှိသူများကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပဲခူးမြို့ ရပ်ကွက်ကျေးရွာများ၌ အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ်ကြကြောင်း သိရသည်။